Videos
နယူးယောက်မြို့ လမ်းမများပေါ်တွင် လူတိုင်းအတွက် မြန်နှုန်းအလွန်ကောင်းသည့် အခမဲ့ Wi Fi တပ်ဆင်
နယူးယောက်၊ မေ ၉ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယခင်က အများသုံးတယ်လီဖုန်းရုံများနေရာတွင် မြန်နှုန်းအလွန်ကောင်းသည့် wifi ကို LinkNYC ကုမ္ပဏီက လူတိုင်းအတွက် အခမဲ့ အစားထိုးပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ နယူးယောက်နေ ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များအဆင်ပြေစေရန်အတွက် ထိုသို့ပြုလုပ်ပေးထားခြင်းဖြစ်သည်။ LinkNYC ကုမ္ပဏီ က လွန်ခဲ့သည့် ၁ နှစ်ခန့် ကတည်းကမြို့နယ် ၅ ခုတွင် kiosks ဟု ခေါ်သည့် အများသုံး ဖုန်း stand ပေါင်း ၉ဝဝ ကျော်ကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို kiosks များတွင် အများပြည်သူအခမဲ့အသုံးပြုနိုင်သည့် wi fi ထုတ်လွှင့်ပေးခြင်းအပါအဝင် ဖုန်းခေါ်ဆိုခြင်း၊ မိုဘိုင်းလ်ဖုန်းများ နှင့် တက်ဘလက်များအားသွင်းနိုင်ခြင်းနှင့် မြို့လမ်းညွှန်မြေပုံများ၊ အများပြည်သူအတွက် ဝန်ဆောင်မှုများကို ထည့်သွင်းစီစဉ်ပေးထားကြောင်းသိရသည်။(Xinhua)