Connect with us

Africa & Middle East

ဆော်ဒီအာရေဗျရှိ ဆူဒန်နိုင်ငံသား ၄၇,၀၀၀ ဦး ပြည်တော်ပြန်လာမည်

ဆူဒန်နိုင်ငံသို့ ပြန်ရန်အတွက် ပြင်ဆင်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

Khartoum ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

လာမည့် ရက်များအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ ဆူဒန်နိုင်ငံသား ၄၇,၀၀၀ ဦး ပြည်တော်ပြန်ရနိုင်ကြောင်း နေရပ်စွန့်ခွာခဲ့သည့် ဆူဒန်နိုင်ငံသား အဖွဲ့က ဇူလိုင်လ ၂၂ ရက်တွင် ကြေညာလိုက်သည်။

“ရီယတ်မှ ဆူဒန်နိုင်ငံသား ၃၃,၀၀၀ ဦး၊ ဂျတ်ဒါမှ ၁၄,၀၀၀ ဦး ပြန်လာကြမှာပါ၊ ပြန်လာတဲ့သူရဲ့ ၆၀ ရာခိုင်နှုန်းက အလုပ်သမားတွေနဲ့ လက်မှုပညာရှင်တွေပါ” ဟု နေရပ်စွန့်ခွာခဲ့သည့် ဆူဒန်နိုင်ငံသား အဖွဲ့ အထွေထွေ အတွင်းရေးမှူး ခါရာ အယ်လ်-တူဟမ်မီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခု နေရပ်ပြန်မည့်သူများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အနေအထားပြုလုပ်ပြီးပါက ဆော်ဒီအာရေဗျသို့ ပြန်သွားခွင့်ရှိသူများ ဖြစ်ကြောင်း အယ်လ်-တူဟမ်မီက ဖြည့်စွက် ပြောသည်။“ဒီလောက် လူ ပမဏအများကြီး ပြန်လာပြီးနောက် ဖြစ်လာမဲ့ စီးပွားရေး သက်ရောက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ နိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့ အခြား အဖွဲ့အစည်းတွေအားလုံးကလဲ သူတို့ကို လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် လုပ်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက ဆက်၍ ဆော်ဒီအာရေဗျရှိ ဆူဒန် သံရုံးကလည်း ပြည်တော်ပြန်မည့် ဆူဒန်နိုင်ငံသားများအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များအားလုံး ပြည်စုံအောင် လုပ်ပေးခဲ့သည်ဟု ဆိုသည်။ပြီးခဲ့သည့် မတ်လတွင် ဆော်ဒီ အာဏာပိုင်များက “တရားဝင် အထောက်အထားမရှိသည့် နိုင်ငံသား” ကမ်ပိန်း တစ်ခု ကြေညာကာ တရားမဝင် ရွှေ့ပြောင်းရောက်ရှိလာသူများအတွက် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အနေအထား ပြုလုပ်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခံယူရန် ပျက်ကွက်ပါက နိုင်ငံအတွင်းမှ ထွက်ခွာခြင်း စသည်တို့အတွက် အချိန် သုံးလ ခွင့်ပြုခဲ့သည်။တရားမဝင် နေရပ်စွန့်ခွာလာသူများအနေဖြင့် သတ်မှတ် ကာလအတွင်း ဆော်ဒီနိုင်ငံအတွင်းမှ မထွက်ခွာပါက အတင်းအကျပ် နယ်နှင်ခြင်း သို့မဟုတ် ပြစ်ဒဏ်ကျခံခြင်းတို့အား ရင်ဆိုင်ရမည် ဖြစ်သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117