Connect with us

Media

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဆယ်ကျော်သက်တစ်ဦးက မျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိ

နန်နင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဆယ်ကျော်သက်တစ်ဦးက ရေချိုကဏန်း၏ မျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတွေ့ရှိချက်ကို သိပ္ပံဆိုင်ရာဂျာနယ် ဖြစ်သော ZooKeys တွင် မကြာသေးမီက ဖော်ပြထုတ်ဝေခဲ့သည်။

သဘာဝနှင့် ဇီဝဗေဒ ဝါသနာရှင် အသက် ၁၇ နှစ်အရွယ် Zhang Yixuan သည် ယမန်နှစ်က Rongxian ခရိုင်ရှိ စမ်းချောင်းတစ်ခုအား စူးစမ်းလေ့လာရာတွင်ထူးခြားသောလက္ခဏာများရှိသည့် ကဏန်း အမြောက်အမြားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စာအုပ်စာတမ်းအား ကျယ်ကျယ်ပြန့်ပြန့် ဂရုတစိုက်ကြည့်ရှုလေ့လာပြီး သုံးသပ်ရာတွင် ၎င်းတို့၏ ရုပ်ပုံသဏ္ဌာန်မှာ ကွဲပြားခြင်းကြောင့် ယခင်က အမည်မတပ်ရှိရသေးသည့် ကဏန်းမျိုးစိတ်တစ်ခုကို တွေ့ရှိခဲ့သည်ဟု Zhang သံသယဖြစ်ခဲ့သည်။

ရှာဖွေတွေ့ရှိခဲ့မှုအရ Sinolapotamon မျိုးစိတ် ၃ မျိုးမှ ၅ မျိုးအထိတိုးပွားခဲ့ပြီး ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရေချိုကဏန်းမျိုးစိတ်စုစုပေါင်း ၄၃ မျိုးအထိ ရှိလာခဲ့သည်။ (Xinhua)

…………………………………

(English Version)
Teenager discovers new species in south China’s Guangxi
A teenager in south China’s Guangxi Zhuang Autonomous Region has found a new species of freshwater crab. The finding was recently published in the scientific journal ZooKeys.
17-year-old Zhang Yixuan, a nature and biology enthusiast, found several crabs exhibiting unique characteristics when exploring a stream in Rongxian County last year.
Upon careful observation and extensive literature review, Zhang suspected that he found a previously unidentified crab species due to distinct differences in their morphology.
The finding expanded the Sinolapotamon genus from 3 to 5 species and brought the total count of freshwater crab species in Guangxi to 43.
Xinhua News Agency correspondents reporting from Nanning, China (XHTV)