Connect with us

Media

ရေလမ်းကြောင်းပြောင်းလဲရေးစီမံကိန်းက တရုတ်နိုင်ငံရှိ အကြီးဆုံးမြစ်နှစ်စင်း၏ မြစ်လက်တက်များနှင့် ချိတ်ဆက်ထား

ရှီးအန်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ အရှည်လျားဆုံး ယန်ဇီမြစ်လက်တက်မှ ရေများကို မိုးခေါင်ရေရှားသည့် မြောက်ပိုင်းဒေသထံ ပို့ဆောင်ပေးရန် တောင်တန်းတစ်လျှောက် ဖောက်လုပ်ထားရှိသည်။
ချင်လျင်တောင်တန်းများအောက်ရှိ ဥမင်များက ယန်ဇီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော ဟန့်ကျန်းမြစ်မှ မြစ်ရေများကို မြစ်ဝါမြစ်၏ အကြီးဆုံးဖြစ်လက်တက်ဖြစ်သည့် ဝေ့ဟယ်မြစ်သို့ ဇူလိုင် ၁၆ ရက်၌ စတင်ပို့လွှတ်ခဲ့ကြောင်း ဆန်ရှီးပြည်နယ် ရေအရင်းအမြစ်ဦးစီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ အကြီးဆုံးမြစ်များ၏ မြစ်လက်တက်များမှ ရေများအား နိုင်ငံ အနောက်မြောက်ပိုင်း မိုးခေါင်ရေရှားမှုအဖြစ်ပွားဆုံးအနက် တစ်ခုဖြစ်သော ဆန်ရှီးပြည်နယ်သို့ ပို့ဆောင်ရေး စီမံကိန်းကို တာဝန်ရှိသူများက ချီးကျူးခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအနေဖြင့် ယွမ် ၅၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံ) ရှိသော အဆိုပါ စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ရေအရင်းအမြစ်ပေါကြွယ်ဝသည့် ဆန်ရှီးပြည်နယ် တောင်ပိုင်း ဟန့်ကျန်းမြစ်မှ ရေများကို ယင်းပြည်နယ် အလယ်ပိုင်း ရေရှားပါးသော ဒေသများအား ဖြတ်သန်းစီးဆင်းလျက်ရှိသော ဝေ့ဟယ်မြစ်ထံ ပို့ဆောင်ပေးမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းကြား သဘာဝအလျောက်နယ်စပ်ဖြစ်နေသည့် ချင်လျင်တောင်တန်းများအောက်တွင် ကီလိုမီတာ ၉၈.၃ ကီလိုမီတာ ရှည်လျားသော ဥမင်လိုဏ်ခေါင်းများ တည်ဆောက်ရန်လိုအပ်သဖြင့် စိန်ခေါ်မှုအရှိဆုံး အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ စီမံကိန်းများဖြစ်သည်။ (Xinhua)

………………………….
(English Version)
Water diversion project links tributaries of China’s two largest rivers
XI’AN, July 16 (Xinhua) — China has dug through a mountain range to supply water from a tributary of the country’s longest river Yangtze to quench the droughty north.
Tunnels beneath the Qinling Mountains on Sunday started sending water from the Hanjiang River, the largest tributary of the Yangtze, to the Weihe River, a tributary of the Yellow River, said the water resources department of Shaanxi Province.
Officials hailed the project for allowing water from tributaries of the country’s two largest rivers to meet in Shaanxi, one of the most drought-ridden provinces in northwest China.
Involving total investments of 51.6 billion yuan (7.2 billion U.S. dollars), the project started construction in 2011 to bring water from Hanjiang in water-rich southern Shaanxi northward to Weihe, which traverses the more thirsty central parts of the province.
It is one of the most challenging engineering projects in China as it requires constructing 98.3-km tunnels underneath the Qinling Mountains, a natural boundary between China’s north and south.