Connect with us

Media

ပဲခူး၊ သနပ်ပင်မြို့နယ် စက်လှေတိမ်းမှောက်မှုတွင် အမျိုးသမီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ သနပ်ပင်မြို့နယ်အပိုင် ကျွဲဖြူချောင်းကျေးရွာရှိ ကျွဲဖြူချောင်းရိုးတွင် ဇူလိုင် ၁၉ ရက် ညနေ ဘက်က စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (မ) တစ်ဦးအပါအဝင် အမျိုးသမီး လေးဦး သေဆုံးခဲ့ကြောင်း ပဲခူးမြို့အခြေစိုက် ကလျာဏမိတ္တလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးတင်ဆွေမြင့်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂၀ ရက်၌ ပြောသည်။

ဖြစ်စဉ်မှာ ကျွဲဖြူချောင်းကျေးရွာမှ သနပ်ပင်ဘက်သို့ ချောင်းရိုးအတိုင်း စက်လှေမောင်းနှင်လာစဉ် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်လှေပေါ်တွင် လူ ၁၁ ဦးလိုက်ပါလာကြောင်း သိရသည်။

ဦးတင်ဆွေမြင့်က “သနပ်ပင်ကအပြန်မှာစက်လှေမှောက်တာပါ။ ပါလာတဲ့လူတွေထဲကမှ သေဆုံးသူ ၄ ဦးလုံးက အမျိုးသမီးတွေဖြစ်တယ်။ မိန်းကလေးငယ်တစ်ဦးနဲ့ တခြားမျိုးသမီး၃ ဦးသေဆုံးခဲ့ပါတယ်” ဟုပြောသည်။

သာမဏေကျော်လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးက “ရေနစ်ပြီး အဲဒီရွာကနေ သေဆုံးသူ ရုပ်အလောင်းတွေကို ဆယ်လာပြီး သနပ်ပင်မြို့ ရင်ခွဲရုံကိုရောက်တဲ့ အချိန် ရုပ်အလောင်းတွေကို ပြန်ပို့ဖို့ ကားတွေကို အကူအညီလှမ်းတောင်းလို့ ကူညီပေးတာဖြစ်ပါတယ်။ ရွာဘက်ကပြောတာကတော့ လှေဝမ်းပေါက်သွားတာရယ် ဝိတ်များတာရယ်ကြောင့်လို့ သိရပါတယ်။ တခြားလှေပေါ်ပါတဲ့ ရေကူးတတ်သူတွေကတော့ အသက်ရှင်ကြပါတယ်” ဟု ဆင်ဟွာသို့ပြောသည်။

အဆိုပါ ရုပ်အလောင်းလေးခုကို ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ၊ သာမဏေကျော်လူမူကူညီရေးအသင်း၊ သနပ်ပင်စေတနာရှင်လူမူကူညီရေးအသင်းတို့က နိဗ္ဗာန်ယာဉ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ ကျီစုသုသာန် သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117