Connect with us

Politics, Law & Military

တရုတ်နိုင်ငံတွင် ပထမဆုံးသော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား စတင်ကျင်းပ

နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ၌ နံပါတ် ၉၀ အားပုံဖော်ပျံသန်းနေသည့် ရဟတ်ယာဉ်များအားဝေဟင်၌တွေ့ရစဉ် (ဆင်ဟွာ)

မွန်ဂိုလီယား၊ ဇူလိုင် (၃၀) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ဘက် မွန်ဂိုလီးယားအတွင်းပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Zhurihe စစ်တပ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ဇူလိုင် ၃၀ ရက် တွင် နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ် ၄၁စင်းတို့သည် သြဂုတ်လ ၁ရက်ကို ရည်ညွှန်းသော တရုတ်ဘာသာစကား “ပါယိ” ဟူသော စကားလုံး နှင့် နံပါတ် ၉၀ တို့ကို ဝေဟင်ပေါ်၌ ပုံဖော်ပျံသန်းခဲ့ကြကြောင်း သိရသည်။၎င်းတို့၏နောက်တွင် တရုတ်နိုင်ငံ ကွန်မြူပါတီ အလံ၊ နိုင်ငံတော်အလံ နှင့် တပ်မတော်၏ အလံတို့ကို သယ်ဆောင်ထားသည့် ယာဉ်များက မြေပြင်ပေါ်၌ ချီတက် စစ်ရေးပြခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံတော်သစ် စတင်ထူထောင်ခဲ့သည့် ၁၉၄၉ခုနှစ် တွင် ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနား ပြီးကတည်းက သြဂုတ်လ ၁ ရက်တွင်ကျရောက်မည့် တပ်မတော်နေ့အတွက် ယခုကဲ့သို့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117