Connect with us

Politics, Law & Military

သမ္မတရှီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ် ၉ဝ ပြည့် အခါသမယအတွက် “ထာဝရရှင်သန်နေမည့် အောင်မြင်မှု ” ဟူ၍ ချီးကျူးဂုဏ်ပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်စစ်ဘက်ထိပ်တန်းခေါင်းဆောင်များအားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ZHURIHE ၊ မွန်ဂိုလီးယား ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ် ၉ဝ ပြည့် အခါသမယတွင် ၎င်း၏ ဆယ်စုနှစ် ၉ခုကြာအောင် တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူတို့အား အလုပ်အကျွေးပြုခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ သမ္မတရှီက သြဂုတ်လ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်ခြင်း နှစ် ၉ဝ ပြည့်အတွက် တရုတ်နိုင်ငံမြောက်ပိုင်း ၊ မွန်ဂိုလီးယားအတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Zhurihe စစ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ပြုလုပ်သည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ချီးကျူးစကား ဆိုခဲ့ခြင်းဖြစ်သည်။သမ္မတရှီက တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ခေါင်းဆောင်မှုအောက်တွင် ပြည်သူ့တပ်မတော်သည် ပုံစံအသစ်ဖြင့် နှစ် ပေါင်း ၉ဝ ကြာ ချီတက်လာခဲ့ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သော နှစ်ပေါင်း ၉ဝ အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ပါတီ၏ အောင်လံတံခွန် ဖြစ်ခဲ့ပြီး တရုတ်အမျိုးသားတို့၏ မျှော်လင့်ချက်ကို ထမ်းရွက်သယ်ပိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။နိုင်ငံခြားကျူးကျော်မှုဝင်ရောက်စဉ်က အသက်သွေးချွေးဖြင့် ရန်သူများကို ချေမှုန်းခဲ့ကြောင်း ၊ စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်ခဲ့ကြောင်း နှင့် တရုတ် ပြည်သူတို့၏ ရပ်တည်ချက် နှင့် အကျိုးစီးပွားကိုကူညီရန် “ထာဝရရှင်သန်နေမည့် အောင်မြင်မှု” ကို လုပ်ဆောင်ပေးခဲ့ကြောင်း သမ္မတရှီက ချီးကျူးစကားဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.