Connect with us

Media

မန္တလေးမြို့ ကမ်းနားလမ်းတွင် လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဉ် ရှေးဟောင်းထန်းလုံးအမြောက်တစ်လက် တွေ့ရှိ

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

မန္တလေးမြို့ ကမ်းနားလမ်းတွင် လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဉ် ရှေးဟောင်းထန်းလုံးအမြောက်တစ်လက် ကို ဩဂုတ် ၂၃ ရက်က တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးက ယနေ့ ဩဂုတ် ၂၄ ရက်၌ ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ရှေးဟောင်းထန်းလုံးအမြောက်ကို မန္တလေးမြို့၊ ၃၄ လမ်းနှင့် ၃၅ လမ်း ကြားတွင် ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ချမ်းအေးသာဇံမြို့နယ် လမ်းတံတားအဖွဲ့မှ ကမ်းနားလမ်းဆိပ်ကမ်း သာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဉ်အတွင်း အလေးချိန် ၂၀၀ ပိဿာခန့်ရှိ ရှေးဟောင်း ထန်းလုံး အမြောက် ၁ လက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ဦးသိန်းဌေးက “အခုတွေ့ရှိတဲ့ ရှေးဟောင်းအမြောက်က ကျွန်တော်တို့ မြန်မာနိုင်ငံက လုပ်ခဲ့တဲ့ ရှေးဟောင်းအမြောက်ဖြစ်ပါတယ်။ ထန်းလုံးအမြောက်ပါ။ အဲဒါကို သက်ဆိုင်ရာကို ပို့ဆောင်အပ်နှံလိုက်ပါပြီ” ဟု ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117