Connect with us

Local

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၆၃ ဦးသေဆုံး၊၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးတွင် ဖရဲသီးများ ခင်းကျင်းထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၆၃ ဦးသေဆုံးခဲ့ပြီး ၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလင်းသန့်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။“၂၀၂၃ ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီမှာ ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှုဖြစ်ပွားပါတယ်။ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၂၀၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်” ဟု ဒုရဲမှူးမျိုးလင်းသန့်ကပြောသည်။

အဆိုပါယာဉ်မတော်တဆမှုများကြောင့်ပျက်ဆီးဆုံးရှုံးမှ တန်ဖိုး ကျပ် ၃၂၅.၈၇ သန်း ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု စုစုပေါင်း ၁၁၂ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၀၅ဦး၊ အမျိုးသမီး ၇၀ဦး၊ စုစုပေါင်း ၁၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ သေဆုံးသူ အမျိုးသား ၃၇ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်မတော်တဆမှု အဓိကဖြစ်ပွားရတာက ယာဉ်မောင်းတဲ့ လူကြောင့်ဖြစ်ပွားရတာပါ။ ဥပမာ လမ်းကြောင့်ဆိုရင်လည်း အမြန်လမ်းမကြီး မိုင်တိုင် ၁၆၀ ကနေ မိုင်တိုင် ၁၉၀ အတွင်းမှာဆို အကွေ့အကောက်တွေများတယ်။ အတက်အဆင်းတွေများတယ်။ အဲလိုနေရာမျိုးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဘယ်လောက်အရှိန်နှုန်း၊ ဘယ်လောက်ကီလိုမီတာ အတွင်းမောင်းမှ အန္တရာယ်ကင်းမယ်ဆိုတဲ့ လမ်းညွှန်အချက်ပြဆိုင်းဘုတ်၊ သင်္ကေတတွေ ညွှန်ပြထားတာရှိပါတယ်။ အဲဒီအတိုင်းမောင်းရင် အန္တရာယ်ဖြစ်ဖို့ခဲယဉ်းပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117