Politics, Law & Military
မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေသတွင်း၌ ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်မှုအန္ထရာယ် မြင့်မားလာသည့် အခြေအနေ တို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ဆွေးနွေး အမြင်ချင်းဖလှယ်ကြကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက် ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှား နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး His Excellency Dr. Ito Sumardi၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေးအေဂျင်စီနှင့် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များတက်ရောက်ကြသည်။(Xinhua)