Connect with us

Videos

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ပဲခူးမြို့တွင် ရေများဝင်ရောက်လာသည့်အတွက် လူဦးရေ ၁၄,၃၀၄ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ပဲခူးမြို့တွင် ရေများဝင်ရောက်လာသည့်အတွက် လူဦးရေ ၁၄,၃၀၄ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်းပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂:၂၁ နာရီတွင် ပြောကြားခဲ့သည်။“ဒီနေ့အိမ်ထောင်စုပေါင်း ၃,၄၆၅၊ အမျိုးသားက ၆,၄၅၃ ဦး၊ အမျိုးသမီးက ၇,၈၅၁ ဦး၊ ကယ်ဆယ်ရေးစခန်းပေါင်း ၃၆ ခု ဖွင့်လှစ်ပြီးဆောင်ရွက်နေပါတယ်။ ရေကနည်းနည်းတော့ တိုးနေပါတယ်” ဟု ဦးသောင်းရွှေကပြောသည်။

ရေဘေးကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို တာဝန်ရှိသူများအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင် စက်လှေများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့်စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲရေကျော် စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြို့နယ် ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မိုင်တိုင် (၅၀/၃-၇) ရထားလမ်း အလျားပေ ၅၀၀ ခန့်တွင် သံလမ်းပေါ် ရေ ၁၈ လက်မခန့် ကျော်တင်နေပြီး လူစီးအမြန်ရထား (၂)စင်း ခေတ္တရပ်နားထားရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ရထားလမ်းရေကျော်မှုအခြေအနေသည် ရထားများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသောကြောင့် မြန်မာ့မီးရထားအနေဖြင့် အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့မှ အမြန်ရထား (၄) စင်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ရထားနှစ်စင်းမှ ခရီးသည် ၈၀၀ နီးပါးကို ရေယာဉ်များဖြင့် ယနေ့ညနေပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၄)ပေကျော် (၁၂၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း (၃) လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ခဲ့သည်။သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117