Connect with us

Media

တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၉ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁,၈၆၄ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၃,၆၃၄ မှုဖြစ်ပွား၍ လူ ၁,၈၆၄ ဦး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု အရေအတွက်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၄,၂၈၄ မှုနှင့် နှိုင်းယှဉ်ပါက ၆၅၀ မှု လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅,၉၁၁ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၄,၉၉၃ ဦး ရှိခဲ့ခြင်းကြောင့် ၉၁၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂,၁၀၂ ဦးရှိခဲ့ရာ ယခုနှစ်ကာလတူ၌ သေဆုံးသူ ၁,၈၆၄ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးသူ ၂၃၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။ အဆိုပါ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်မတော်တဆမှုဖြစ်စဉ်များကို ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ပိုများခဲ့ပြီး နေပြည်တော်နှင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ လျော့နည်းခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုက မနှစ်က ၉ လ တာကာလအတွင်း ၁၂၃ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ်က ၁၂၆ မှုဖြစ်ပွားခဲ့တယ်။ ယာဉ်တိုက်မှုက ၃ မှုပိုပေမဲ့ သေဆုံးသူက မနှစ်က ၄၅ဦးရှိပြီး၊ ဒီနှစ်က ၇၀ ဦးရှိတယ်ဆိုတော့ ၂၅ ဦးပိုများခဲ့တယ်။

ဘာကြောင့်ယာဉ်တိုက်မှုတွေဖြစ်ရလဲဆိုရင် ယာဉ်မဆင်မခြင်မောင်းနှင်တဲ့အတွက် အရှိန်ပြင်းထန်စွာတိုက်မိလို့ သေဆုံးသူပိုများရတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၁ ရက်တွင်ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117