Connect with us

Politics, Law & Military

နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် စက်တင်ဘာလ ၁၉ ရက်၌ မိန့်ခွန်း ပြောမည်


နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အခြေပြုမိန့်ခွန်းကို နေပြည်တော် MICC II တွင် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ း ၀၀ နာရီ၌ ပြောကြားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ Live လွှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက ယနေ့ညနေပိုင်းတွင် မီဒီယာသို့ ပြောကြားခဲ့ သည်။

“ မိန့်ခွန်းအမည်က The State Counsellor’s State of the Union Address regards with the National Reconciliation and Peace ပါ။ ပြောရရင်တော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ နိုင်ငံတော် အခြေပြု မိန့်ခွန်းပါ။ စက်တင် ဘာ ၁၉ ရက် နေ့ MICC II မှာ မနက် ၁၀ နာရီမှာ လုပ်ပါမယ်၊ Live လွှင့်ပါမယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးဇော်ဌေးက သမ္မတ အိမ်တော် သတင်းထုတ်ပြန်ရေး အခန်း၌ မီဒီယာများအား News briefing အဖြစ် ယနေ့ညနေ ၅ း ၀၀ နာရီ တွင် တွေ့ဆုံရာ၌ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းစာရှင်းလင်းပွဲ၌ပြောကြားနေစဉ် (ဆင်ဟွာ)

“အဲဒီအခါမှာ မီဒီယာတွေကို သတင်းယူခွင့်ပြုပါမယ်၊ ပြည်ပကနေ သီးခြား လာပြီး သတင်းယူမယ့် သတင်းထောက်တွေအနေနဲ့ ဟိုမှာ ရှိတဲ့ အခြေစိုက် Bureau ကနေ ဗီဇာ လျှောက်တဲ့ အခါမှာ ခက်ခဲမှာစိုးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာ သံရုံးကို ပြောပေးမှာ ဖြစ်ပါတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနကိုလည်း ဖိတ်ခိုင်းထားပါတယ်၊ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ တကယ့် အဖြစ်မှန်တွေကို ကမ္ဘာကို ပြောမှာ ဖြစ်ပါတယ်၊Live လည်း လွှင့်သွားပါမယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံတမန်တွေအပြင် မြန်မာနိုင်ငံမှာ သံရုံးမစိုက်နိုင်တဲ့ ထိုင်းတို့ နယူးဒေလီတို့မှာ သံရုံးစိုက်ပြီး တွဲကိုင်နေတဲ့ နိုင်ငံတွေရဲ့ သံတမန်တွေဆီကိုပါ မရောက်ရောက်အောင် ဖိတ်ကြားပါမယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မကြာမီ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တက် ရောက်မည် မဟုတ်ကြောင်း၊ အချက် လေးချက်ကြောင့် မတက်ရောက်ခြင်းဖြစ်ကြောင်းနှင့် ဒုတိယ သမ္မတ (၂) ဦးဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း မီဒီယာအား ၎င်းက ရှင်းပြခဲ့သည်။ ထို့အပြင် မီဒီယာများက မေးမြန်းသည့် ICRC က ရခိုင်ဒေသကို Safe Zone အဖြစ်သတ်မှတ်မည့် ကိစ္စနှင့် ရခိုင်ပြည်နယ် – ဘင်္ဂလားဒေ့ရှ် နယ်စယ် ခြံစည်းရိုး ကာရံမှု အခြေအနေ များအား ယခုကဲ့သို့ ပြန် လည် ဖြေကြားခဲ့သည်။

“ICRC က ရခိုင်ပြည်နယ်ကို Safe Zone အဖြစ် သတ်မှတ်မယ် ဆိုတာကို မြန်မာနိုင်ငံ အစိုးရ အနေနဲ့ လုံး၀ လက်မခံပါဘူး၊ နယ်စပ် တံတိုင်းကိစ္စကတော့ မိုင်တိုင် အမှတ် (၃၀) ကနေ မိုင်တိုင် (၄၇) အကြားမှာ ပျက်နေ ပေါက်နေတာတွေ ရှိပါတယ် ၊ အဲဒီ အပေါက်တွေက နေပြီးတော့ ထွက်ပြေးနေ တာတွေ ရှိတယ်၊ အဲဒါတွေကို အခု ဖာနေပါပြီ၊ ပြီးရင် ကျန်နေတဲ့ မိုင် လေး ဆယ်ကို ကာဖို့အတွက် ဘတ်ဂျက် ၂၅ ရာခိုင်နှုန်း ချထားပြီးသားပါ၊ အခု ဆက်လုပ်နေပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံက ဒီခြံစည်းရိုးကို ပိုပြီး အဆင့်မြင့်အောင် upgrade လုပ်ဖို့ ၊ အဲဒီ အတွက် ကုန်ကျစရိတ်ကို ချက်ချင်း ဖြည့်ဆည်းပေးဖို့ လမ်းညွှန်ထားပါတယ်။ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်၊ ပြီးရင် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် အထိ လုံး၀ ပြီးတဲ့အထိ ဆက်လုပ်သွား ပါမယ်။ ဘတ်ဂျက်မှာလည်း ပေးထားပါတယ်၊ BE အနေနဲ့ ကျပ် ငါးဘီလျံ ပေးထားပြီးပါပြီ။ နောက်ထပ်လည်း နည်းပညာတွေနဲ့ upgrade လုပ်သွားဖို့အမြင့်ရော ခိုင်မာမှုရော ထပ်လုပ်သွားဖို့ ရှိပါ တယ်” ဟု ဖြေကြားခဲ့သည်။ (Xinhua)