Connect with us

Media

မန္တလေးမြို့၌ ကြိုက်တာယူ ပိဿာဈေးဖြင့် စာအုပ်များ ရောင်းချပေးနေ

မန္တလေး၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မန္တလေးမြို့ရှိ စာအုပ်အရောင်းဆိုင်တစ်ဆိုင်၌ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု၊ ဘာသာရေး၊ ရုပ်ပြကာတွန်း၊ ဝတ္ထု ၊ သုတ၊ ရသ စသည့် စာအုပ်အဟောင်းများအား ကြိုက်တာယူ ပိဿာဈေးဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်ရှိ နှောင်းတကြော့လှိုင် စာအုပ်အရောင်းဆိုင်တွင် ကြိုက်တာယူ စာအုပ် အဟောင်း တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် တန်ဖိုးသင့် စသည်ဖြင့် အမျိုးအစားခွဲ၍ ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ တစ်လကြာ ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117