Connect with us

Asia

အမေရိကန်မှ ဂျပန်စစ်သားများကို အရေးပေါ်အခြေအနေများ၌ ကြားဝင်ရန် ခေါ်ယူမှုအား တောင်ကိုရီးယား အနေဖြင့် ငြင်းပယ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ပြောကြား

တောင်ကိုရီးယားနိုင်ငံ (ROK) ကာကွယ်ရေး ဝန်ကြီးဟန်မင်ကူ အား သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ (ROK) ကာကွယ်ရေး ဝန်ကြီးဟန်မင်ကူသည် အမေရိကန်မှ ဂျပန် ကာကွယ်ရေး တပ်အား ကိုရီးယား ကျွန်းဆွယ် အတွင်းသို့ အရေးပေါ် အခြေအနေများ၌ ကြားဝင် ဆောက်ရွက်ရန် ခေါ်ယူခြင်းအား တောင်ကိုရီးယား အနေဖြင့် ငြင်းပယ်နိုင်ကြောင်းကို တနင်္လာနေ့က ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနများတွင် ဖော်ပြထားသည်။

အဓိက အတိုက်အခံ ပါတီဖြစ်သည့် ဒီမိုကရေစီ နိုင်ငံရေး မဟာမိတ်သစ် အဖွဲ့မှ ကိုယ်စားလှယ် လီချွန်းဆုတ် က မြောက်ကိုရီးယား နိုင်ငံ (DPRK) နှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ခု ဖြစ်ပွားခဲ့လျှင် အမေရိကန်မှ ဂျပန် ကာကွယ်ရေး တပ်အား ကိုးရီးယား ကျွန်းဆွယ် အတွင်းသို့ ခေါ်ယူခြင်းအား ငြင်းပယ် နိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ ဝန်ကြီး ဟန်က ငြင်းပယ်အကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဟန်သည် အဆိုပါ မှတ်ချက်ကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စစ်ခုံရုံး၏ လွှတ်တော်ဆိုင်ရာ စာရင်း စစ်ဆေးနေစဉ် အတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ကိုရီးယား စစ်ပွဲ ကတည်းကပင် အမေရိကန် စစ်သား ၂၈,၅၀၀ ခန့်သည် တောင်ကိုရီးယား၌ အခြေစိုက် စခန်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဟန်မှ စစ်အတွင်း ညွှန်ကြားချက်များသည် တောင်ကိုရီးယား သမ္မတနှင့် အမေရိကန် သမ္မတ နှစ်ဦးစလုံး၏ လမ်းညွှန်မှု အတိုင်း လုပ်ဆောင်နေပြီး တောင်ကိုရီးယား သမ္မတမှ ခွင့်မပြုလျှင် ကိုးရီးယား ကျွန်းဆွယ် အတွင်းသို့ ဂျပန် တပ်အား ခေါ်ယူခြင်းကို ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ဥပဒေ ပြဌာန်းပြီး စိုးရိမ်မှုများ မြင့်တက်နေစဉ် ဟန်၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အငြင်းပွားဖွယ် လုံခြုံရေး ဥပဒေသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်ဂျပန်နိုင်ငံအား နိုင်ငံရပ်ခြားသို့ သွားရောက် တိုက်ခိုက်ရန် ခွင့်ပြုပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.