Connect with us

Business

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပ

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပြသထားသော ပုလဲ၊ကျောက်စိမ်းများအား တွေ့ရစဉ်(ဓာတ်ပုံ- MRTV)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ‌ယနေ့ (မေ ၃ ရက်) နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် စတင်ကျင်းပလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျောက်မျက်ရတနာ ပြပွဲတွင် ပုလဲအတွဲ ၄၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄,၅၅၀တွဲကို အိတ်ဖွင့်တင်ဒါစနစ်နှင့် ရောင်းချမည်ဖြစ်ပြီး ပုလဲအလုံးရေ တစ်သိန်းကိုလည်း ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၃ဒသမ၃သန်း သတ်မှတ်ထားကြောင်း သိရသည်။

ကျောက်မျက်ရောင်းချမှုအတွက် တင်ပြအတွဲ ၁၆၀တွဲရှိပြီး မေ ၆ ရက် တစ်ရက်သာ ရောင်းချမည်ဖြစ်ကြောင်း၊ ကျောက်စိမ်း Aအုပ်စု နှင့် Bအုပ်စု ကို နိုင်ငံခြားငွေ အခြေခံစျေးသတ်မှတ်ထားကြောင်း၊ Aအုပ်စုမှာ ကျောက်စိမ်းအတွဲ ပေါင်း ၁,၀၀၀နှင့် Bအုပ်စု တွင် ကျောက်စိမ်း ၁,၇၅၀တွဲ တင်ပြရောင်းချမည်ဖြစ်ကြောင်း၊ ကျောက်စိမ်း Cအုပ်စုတွင် အတွဲ ၁,၈၀၀ကျော် ရောင်းချပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာ ပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မေလ (၃) ရက်မှ (၁၂) ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် (၁၀)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်း ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117