Connect with us

Education & Health

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဟာရ နှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်း ပထမ အကြိမ် ကောက်ယူရန်ရှိ

မြန်မာနိုငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေးစစ်တမ်း ပြည်နယ် အဆင့် အသိပေး ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေးစစ်တမ်းအား ပထမ အကြိမ် ကောက်ယူရန် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြန်မာနိုင်ငံ အဏုအာဟာရ နှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းကို ပထမဆုံး အနေဖြင့် တစ်နိုင်ငံလုံးတွင် ကောက်ယူသွားရန် ရှိကြောင်း ၊ စစ်တမ်းကို နိုဝင်ဘာလ ဒုတိယပတ် သို့မဟုတ် တတိယ ပတ် ခန့်တွင် စတင် ကောက်ယူမည် ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတွင် စစ်တမ်းကောက်ချိန် ခန့်မှန်းအားဖြင့် လေးလခန့်ကြာနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန(ရုံးချုပ်) အာဟာရဖွံ့ဖြိုးရေးနှင့် သုတေ သနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေးစစ်တမ်း ပြည်နယ် အဆင့် အသိပေး ဆွေးနွေးပွဲ အခမ်းအနားအား အောက်တိုဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့ ခြင်းနှင့် အာဟာရလွန်ကဲခြင်းပြဿနာများ ကို ထိရောက်စွာ ကာကွယ် ကုသ နိုင်မည့် စီမံ ချက်များကို မွမ်းမံပြင်ဆင်ရေးဆွဲနိုင်ရန်၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေခြင်း အားဖြင့် ပြည်သူ လူထု၏ အာဟာရအခြေအနေ ကို ထိရောက်စွာမြှင့်တင်နိုင်ရန်၊ လက်ရှိဆောင် ရွက်နေသည့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်သုံးသပ် နိုင်ရန်နှင့် ပြည်သူများ၏အာဟာရအခြေ အနေ၊ အစာစားသုံးမှုအခြေအနေများကို သိရှိနိုင်ရန် ရည်ရွယ်ချက်များ စစ်တမ်း ကောက်ယူရခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117