Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဇွန် ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေ ၃၁ ရက်က ယာဉ်နှစ်စီးအား သတင်းအရ စစ်ဆေးစဉ် အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် စိတ်ကြွဆေးပြား ၄ ဒသမ ၆ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ ဖော်ထုတ်ချက်အရ ဆေးဝါးများသယ်ဆောင်ရာတွင် ပါဝင်သူ၏ နေအိမ်တွင် ဆေးပြား ၁ သန်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတန်ဖိုးသည် ကျပ်ငွေ ၁.၆၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၀.၈ သန်းခန့်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ စွဲချက်တင်ထားပြီး
ဆက်စပ်တရားခံများ ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)