Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံရှိ ဒေသများစွာတွင် မိုးသက်မုန်တိုင်းများကြောင့် အဝါရောင်အဆင့်သတိပေးချက်ထုတ်ပြန်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ရဒေသ ကွေ့လင်မြို့တွင် ရေဖုံးလွှမ်းနေသောလမ်းမမှ ဒေသခံများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်က ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မိုးလေဝသတာဝန်ရှိသူများက မိုးသက်မုန်တိုင်းများကြောင့် အဝါရောင်အဆင့် သတိပေးချက်ကို ဇွန် ၂၁ ရက်၌ ထုတ်ပြန်ထားပြီး နိုင်ငံအတွင်း ဒေသများစွာတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်။
ဟဲနန်၊ ဟူနန်၊ ချုံချင့်၊ ကွေ့ကျိုး၊ အတွင်းမွန်ဂိုလီးယား၊ ဟေးလံကျန်းနှင့် ကျီလင် စသည့်ဒေသများရှိ နေရာအနှံ့အပြား၌ ဇွန် ၂၁ ရက် နံနက် ၈ နာရီမှ ဇွန် ၂၂ ရက် နံနက် ၈ နာရီအထိ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသစင်တာထံမှ သိရသည်။
ထို့ပြင် ဟူပေ၊ အန်းဟွေး၊ ကျန်းဆူး၊ အတွင်းမွန်ဂိုလီးယားနှင့် ကျီလင်ရှိ နေရာများတွင် မိုးရေချိန် ၁၈၀ မီလီမီတာ၊ ယင်းဒေသရှိ အချို့နေရာများတွင်မူ မိုးရေချိန် ၈၀ မီလီမီတာ သို့မဟုတ် နာရီများစွာကြာ မိုးရွာသွန်းမည်ဖြစ်သလို မိုးသက်မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများလည်း ကြုံတွေ့ရနိုင်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/UxY
……………………………………..
(English Version)
China issues yellow alert for rainstorms in several regions
BEIJING, June 21 (Xinhua) — China’s meteorological authority on Friday issued a yellow alert for rainstorms, expecting heavy rainfall in several regions of the country.
From 8 a.m. Friday to 8 a.m. Saturday, torrential rain will sweep parts of the regions in Henan, Hunan, Chongqing, Guizhou, Inner Mongolia, Heilongjiang and Jilin, according to the National Meteorological Center.
There are areas in Hubei, Anhui, Jiangsu, Inner Mongolia and Jilin that will see up to 180 mm of rainfall, while some places in these regions will experience short-term heavy rainfall with 80 mm or more of hourly precipitation, accompanied by thunderstorms and gales.
Photo: Rescuers help local residents evacuate from a flooded road in Guilin, south China’s Guangxi Zhuang Autonomous Region, June 20, 2024. (Xinhua/Huang Xiaobang)