Connect with us

မြန်မာ-中文

ပြင်သစ်နိုင်ငံ လက်ဝဲယိမ်း မဟာမိတ်အဖွဲ့သည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ဦးဆောင်နေသော်လည်း အမတ်နေရာ ထက်ဝက်ကျော် မရရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ကျင်းပသော ရွေးကောက်ပွဲအပြီး လူထုစည်းဝေးပွဲသို့ တက်ရောက်ခဲ့သော ပြင်သစ် လက်ဝဲယိမ်း ပါတီ “La France Insoumise (LFI)” ၏ခေါင်းဆောင် Jean-Luc Melenchon (အလယ်) ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ၌ ဇူလိုင် ၇ ရက်တွင် ကျင်းပသော ပြင်သစ် အမျိုးသားလွှတ်တော် ဒုတိယအကြိမ် ရွေးကောက်ပွဲ၌ လက်ဝဲယိမ်း မဟာမိတ်အဖွဲ့ “New Popular Front (NFP)” က မဲအရေအတွက် ဦးဆောင်ခဲ့သော်လည်း အမျိုးသားလွှတ်တော် အမတ်နေရာ ထက်ဝက်ကျော် မရရှိခဲ့ကြောင်း ယင်းနေ့ ညနေပိုင်းတွင် မဲထည့်ပြီးသူများနှင့် တွေ့ဆုံမေးမြန်းထားသည့် ခန့်မှန်းစစ်တမ်းအရ သိရသည်။ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Attal က ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ထိုညတွင် ကြေညာခဲ့သည်။ (Xinhua)


………………………………………
(Chinese Version)
出口民调显示法国左翼联盟在国民议会选举中领先但未获绝对多数席位
巴黎,2024年7月8日
法国多个出口民调7日晚显示,在当天举行的法国国民议会选举第二轮投票中,左翼联盟“新人民阵线”得票率领先,但未获得国民议会绝对多数席位。法国总理阿塔尔当晚宣布将递交辞呈。
图说:7月7日,法国极左翼政党“不屈法国”领导人梅朗雄(中)出席在巴黎举行的选后集会。新华社发(何塞·博萨斯摄)