Connect with us

News

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop တို့ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop နှင့် ဩဂုတ် ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာ လေးစားသလို ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ရေး၊ မြန်မာနိုင်ငံသားများ၏ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံသားများဦးဆောင်ရေး ဟူသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အခိုင်အမာလက်ကိုင်ထားပြီး အာဆီယံ၏အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ်သည် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော် တာဝန်များကို ထမ်းဆောင်ရာတွင် အားပေးထောက်ခံပြီး ကူညီပံ့ပိုးသွားမည် ဖြစ်ရာ မြန်မာနိုင်ငံ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည် ခိုင်မာစွာ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Julie Bishop က မြန်မာ့အရေး သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက်များရရှိအောင် တရုတ်နိုင်ငံနှင့်တကွ အာဆီယံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှု၊ အားဖြည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop တို့ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
王毅会见联合国秘书长缅甸问题特使毕晓普
新华社北京8月20日电 中共中央政治局委员、外交部长王毅20日在京会见联合国秘书长缅甸问题特使毕晓普。
王毅表示,在缅甸问题上,中方坚持尊重缅甸的主权、独立、国家统一和领土完整,坚持不干涉内政,坚持缅人所有、缅人主导的和平进程,支持东盟发挥主渠道作用。联合国秘书长缅甸问题特使作用独特,中方愿为你履职提供支持和帮助,为缅甸实现政治和解和长治久安发挥建设性作用。
毕晓普表示,愿同中方和东盟密切沟通、加强合作,争取形成妥善处理缅甸问题的共识。(完)
1. 8月20日,中共中央政治局委员、外交部长王毅在北京会见联合国秘书长缅甸问题特使毕晓普。 新华社记者 燕雁 摄