Connect with us

Science & Technology

တရုတ်နိုင်ငံ က မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တုလွှတ်တင်

တရုတ်နိုင်ငံ က လွှတ်တင်လိုက်သည့် က မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တုအားတွေ့ရစဉ် (ဆင်ဟွာ)

ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တု ကို အဝေးမှထိန်းချုပ်ကာ မြေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်ရေးအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းဂြိုလ်တုအား Long March-2D ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် အာကာသအတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ယခုလွှတ်တင်မှုသည် Long Marchဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ၏ ၂၅၉ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117