Connect with us

Videos

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံးအဝေးပြေးကားလမ်းစမ်းသပ်ဖွင့်လှစ်

ကျိနန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျိနန်တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများနှင့် ၁ကီလိုမီတာခန့် ဖောက်လုပ် ထားသည့် အဝေးပြေးလမ်းကို စမ်းသပ်ဖွင့်လှစ်ထားကြောင်းသိရသည်။ လမ်းမျက်နှာပြင်ကို နေရောင်ခြည်၏ အလင်းရောင်ဖြင့် ဖောက်ထွင်းမြင်နိုင်အောင်ဆောင်ရွက်ထား သည့်အပြင် အလေးချိန်များကို ခံနိုင်ရည်ရှိစေရန်လည်းတီထွင်ထားသည်။ ဆိုလာပြားများဖြင့် စုစုပေါင်း စတုရန်းမီတာ ၅၈၇၅ ကို ခင်းကျင်းထားခြင်းဖြစ်ပြီး ၎င်းမှ တစ်နှစ်လျင် လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီပေါင်း ၁သန်းထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ အဆိုပါ လျှပ်စစ်ပမာဏမှာ အိမ်ခြေပေါင်း ၈ဝဝ ကျော်နီးပါးလိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကိုဖြည့်ဆည်းပေးနိုင်မည်ဟုသိရသည်။ ဆိုလာလမ်းစီမံကိန်း မှ ထွက်ရှိလာသည့်လျှပ်စစ်ဓါတ်အားဖြင့် အဝေးပြေးလမ်းမီးများ၊ ဆိုင်းဘုတ်များ၊ စောင့်ကြည့်ရေးကင်မရာများ၊ ဥမင်များနှင့် တံတားဖြတ်သန်းရေးဂိတ်များ တွင်အသုံးပြုသွားမည်ဖြစ်ပြီး ပိုလျှံသည့်ဓါတ်အားများကို ပင်မဓါတ်အားလိုင်းသို့ဖြန့်ဖြူးပေးဖြစ်သည်။ နောက်ပိုင်းတွင်လျပ်စစ်ကားများအတွက်အားသွင်းခြင်းနှင့်အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.