Connect with us

International Organizations

လက်ဘနွန်အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပ

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အရှေ့အလယ်ပိုင်းအခြေအနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- Loey Felipe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၏ နောက်ဆုံးအခြေအနေကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၂၀ ရက်တွင် အရေးအပေါ်အစည်းအဝေး ကျင်းပခဲ့သည်။ မကြာမီကာလများက လက်ဘနွန်၌ ဖြစ်ပွားသည့် တိုက်ခိုက်မှု ဖြစ်ရပ်သည် စစ်ပွဲ “ရှေ့သို့ အသစ်တိုးလာခြင်း” ကို ကိုယ်စားပြုရာ ဘက်ပေါင်းစုံအနေဖြင့် ရန်လိုထိပ်တိုက်တွေ့မည့် လုပ်ဆောင်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း အစည်းအဝေး တက်ရောက်သည့် ကိုယ်စားလှယ်များက သတိပေး ပြောကြားခဲ့သည်။

တစ်နှစ်နီးပါးကြာကာလတွင် အစ္စရေးနှင့် လက်ဘနွန်နယ်စပ် “အပြာရောင်လိုင်း” အနီးတွင် နေ့စဉ်ဆိုသလို ရန်လိုထိပ်တိုက်တွေ့သည့် လှုပ်ရှားမှုများ ဖြစ်ပွားလျက်ရှိရာ မကြာသေးမီကာလက အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Rosemary DiCarlo က လုံခြုံရေးကောင်စီတွင် ရှင်းလင်းပြောကြားခဲ့သည်။ သက်ဆိုင်ရာဘက်ပေါင်းစုံအနေဖြင့် ချက်ချင်း အပစ်ရပ်ရန်၊ ထိန်းသိမ်းခံထားရသူများအား ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာမှုအကူအညီပမာဏကို တိုးမြှင့်ရန် Rosemary DiCarlo က တိုက်တွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က လက်ဘနွန် နေရာ အနှံအပြားတွင် ပေဂျာစက်နှင့် စကားပြောစက် ပေါက်ကွဲမှုဖြစ်ရပ်သည် ထိတ်လန့်အံအားသင့်ဖွယ် ဖြစ်ကြောင်း ၊ ဤတိုက်ခိုက်မှုများမှာ စစ်ပွဲ “ရှေ့တိုး”မည့် အခြေအနေကို ဖော်ပြကြောင်း၊ မည်သူက ပစ်မှတ်စက်ကိရိယာကို ကိုင်ထားမှန်းမသိသည့် အခြေအနေမျိုးတွင် လူထောင်ချီပစ်မှတ်ထားသည့် တိုက်ခိုက်မှုက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန် အခြေအနေအလားအလာမှာ ဂါဇာပဋိပက္ခ၊ အစ္စရေးက ပါလက်စတိုင်း နယ်မြေကို ဆက်တိုက် သိမ်းပိုက်နေရာယူနေမှုနှင့် ခွဲခြားမရ ဆက်စပ်နေကြောင်း၊ မိမိအနေဖြင့် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇဘိုလာတို့အကြား ရန်လိုထိပ်တိုက်တွေ့နေသည့်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း Volker Türk က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး Abdallah Bou Habib ကလည်း အစ္စရေး၏ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ တိုက်ခိုက်မှုမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပြီး “ဤအကြမ်းဖက်တိုက်ခိုက်မှု” ကို ပြစ်တင်ရှုတ်ချရန် လုံခြုံရေးကောင်စီကို ၎င်းက တိုက်တွန်းခဲ့သည်။

မကြာမီကာလက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ နိုင်ငံတကာဥပဒေကို လုံးဝဥဿုံ ဥပက္ခာပြုခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား အမြဲတမ်းကိုယ်စားလှယ် Koussay Aldahhak က အာရပ်အဖွဲ့ ကိုယ်စား ပြောကြားခဲ့သည်။ အာရပ်အဖွဲ့အနေဖြင့် လုံခြုံရေးကောင်စီအား ဆိုက်ဘာအကြမ်းဖက်ဝါဒနှင့် “အစ္စရေး၏ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးကျော်မှု၊ အခြားနိုင်ငံများအားတိုက်ခိုက်မှု” ကို ပြစ်တင်ရှုတ်ချရန် တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးအမြဲတမ်းကိုယ်စားလှယ် Danny Danon က အစ္စရေးအနေဖြင့် စစ်မက်ကို ရှာဖွေခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က အစ္စရေးသို့ ဒုံးကျည်ထောင်နှင့်ချီ ပစ်လွှတ်ခဲ့ရာ သေဆုံးသူ ၄၆ ဦး၊ ဒဏ်ရာရသူ ၂၉၄ ဦး ရှိခဲ့ပြီး လူပေါင်းသောင်းချီ အိုးအိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း၊ မြောက်ပိုင်း နယ်စပ်ဒေသ၏ လုံခြုံရေးပြန်လည်ရရှိရေးနှင့် ပြည်သူလူထုနေရပ်ပြန်နိုင်ရေးဟူသော အစ္စရေး၏ ရည်မှန်းချက်မှာ အလွန် ရှင်းလင်းပြတ်သားကြောင်း ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်က လက်ဘနွန်၌ ဖြစ်ပွားသည့် ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၇ ဦး သေဆုံးပြီး ၂,၉၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ပြည်သူ့ကျန်းမာရေး၀န်ကြီး Firass Abiad က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————————-
联合国安理会就黎巴嫩局势召开紧急会议
新华社联合国9月20日电(记者潘云召)联合国安理会20日召开紧急会议,讨论黎巴嫩最新局势。与会代表警告说,黎巴嫩最近发生的袭击事件标志着战争的“新发展”,呼吁各方立即停止敌对行动。
联合国副秘书长迪卡洛在向安理会通报情况时表示,近一年来,以色列和黎巴嫩边境“蓝线”附近几乎每天都发生敌对行动,近期事态发展令人担忧。迪卡洛呼吁相关方立即停火,立即无条件释放所有被扣人员,并大规模增加对加沙地带的人道主义援助。   联合国人权事务高级专员图尔克说,黎巴嫩各地传呼机和对讲机爆炸事件令人震惊。这些袭击代表了战争的“新发展”。在不知道何人持有目标设备的情况下针对数千人进行袭击,这违反国际人权法。图尔克说,黎巴嫩局势发展同加沙冲突及以色列对巴勒斯坦领土的持续占领息息相关,他敦促以色列和黎巴嫩真主党立即停止敌对行动。
黎巴嫩外交部长哈比卜指责以色列发动了袭击。他表示,袭击违反了国际人道主义法的基本原则,他呼吁安理会谴责“这次恐怖袭击”。
叙利亚常驻联合国代表库赛·达哈克代表阿拉伯集团发言时说,最近发生的袭击完全无视国际法。阿拉伯集团要求安理会谴责网络恐怖主义,以及“以色列对巴勒斯坦人民的侵略和对其他国家的袭击”。
以色列常驻联合国代表达农表示,以色列并不寻求战争。自去年10月以来,黎巴嫩真主党向以色列发射了数千枚火箭弹,造成46人死亡、294人受伤、数万人流离失所。以色列的目标非常明确,即恢复北部边境地区的安全并让民众重返家园。   黎巴嫩公共卫生部长菲拉斯·阿卜亚德19日说,17日和18日发生在黎巴嫩的通信设备爆炸事件已造成37人死亡、2931人受伤。(完)
1. A UN Security Council briefing on the situation in the Middle East is held at the UN headquarters in New York, on Sept. 19, 2024. (Loey Felipe/UN Photo/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.