Connect with us

International Organizations

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ အချေအတင်ဆွေးနွေးပွဲ စတင်

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ အချေအတင်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Young မိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေ အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စတင်ကျင်းပခဲ့သည်။ နိုင်ငံအများအပြားမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအရာရှိများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များက စဉ်ဆက်မပြတ် ဆိုးရွားလာသော ပထဝီဝင်နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် စသည့် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံစိုးရိမ်မှု အဓိကပြဿနာများအပေါ် သက်ဆိုင်ရာနိုင်ငံအလိုက် ရပ်တည်ချက်များကို ထုတ်ဖော်ပြောဆိုပြီး ဖြေရှင်းရန်နည်းလမ်းများကို အဆိုပြုကြမည်ဖြစ်သည်။
ကမ္ဘာကြီးသည် မကြုံစဖူးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ပထဝီဝင်နိုင်ငံရေး ကွဲပြားမှုများ ပိုမိုနက်ရှိုင်းလာခြင်း၊ ကမ္ဘာကြီး ဆက်လက်ပူနွေးလာနေခြင်း၊ ပြင်းထန်သောစစ်ပွဲများသည် ငြိမ်းချမ်းရေး အရုဏ်ဦးကို မြင်တွေ့ရန် ခက်ခဲနေပြီး နျူကလီးယား အနေအထားနှင့် လက်နက်အသစ်များကလည်း မှောင်ရိပ်ကျလျက်ရှိရာ “ကျွန်တော်တို့ဟာ ထင်မှတ်ထားထက်ကျော်လွန်တဲ့ အနေအထားဖြစ်တဲ့ ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့ ယမ်းပုံးထဲကို ဦးတည်နေတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲသည် ပျံ့နှံ့လျက်ရှိသလို ဂါဇာစစ်မက်မီးလျှံများကလည်း ဒေသတွင်းတစ်ခုလုံးကို ရိုက်ခတ်သွားနိုင်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လက်ဘနွန်နှင့် အစ္စရေးတို့ကြား အရှိန်အဟုန်တိုးမြင့်လာမှုကို သတိထားရန်၊ “လက်ဘနွန်ပြည်သူများ၊ အစ္စရေးပြည်သူများနှင့် ကမ္ဘာ့ ပြည်သူများက လက်ဘနွန်ဟာ ဒုတိယ ဂါဇာ ဖြစ်လာမည်ကို လက်ခံနိုင်ကြမှာ မဟုတ်ကြောင်း” ၎င်းက အလေးပေးပြောကြားခဲ့သည်။
နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အားကောင်းလာစေရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များကို ပြုပြင်ပြောင်းလဲရန်အတွက်လည်း ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ “အနာဂတ်စာချုပ်” တွင် အလေးပေးဖော်ပြထားသည့်အတိုင်း မမျှတမှုပြဿနာများကို ဖြေရှင်းရာ၌ ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်ပေးရန် လိုအပ်ကြောင်း၊ အချိန်တည်းမှာပင် ကမ္ဘာကြီး၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်နှင့် ဉာဏ်ရည်တု (AI) အပါအဝင် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာအသစ်များကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Young သည် ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေ အချေအတင်ဆွေးနွေးပွဲသည် ကမ္ဘာပေါ်တွင် အားလုံးပါဝင်နိုင်မှု၊ ကိုယ်စားပြုနိုင်မှုနှင့် ဩဇာအကြီးမားဆုံး အချေအတင်ဆွေးနွေးပွဲများအနက် တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ဆန်းစစ်မှုနှင့် စုပေါင်းလုပ်ဆောင်မှု ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း မိန့်ခွန်းတွင် ၎င်းက အလေးပေးပြောကြားခဲ့သည်။ ယခုနှစ်၏ လုပ်ငန်းတာဝန်များမှာ အလွန်အရေးကြီးပြီး ဒေသတွင်း ပဋိပက္ခများသည် ဟိုဟိုဒီဒီ တစ်ခုပြီးတစ်ခု ဖြစ်ပွားလျက်ရှိသလို ရာသီဥတုဖောက်ပြန်မှုပြဿနာသည် နေ့စဉ်အမျှ ပိုမိုထင်ရှားလာကာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်လုပ်ငန်းစဉ်မှာလည်း ပို၍ နောက်ကျလာခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် စုပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေ အချေအတင်ဆွေးနွေးပွဲ၏ ခေါင်းစဉ်မှာ” မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး- လက်တွဲ အတူလျှောက်လှမ်းပြီး ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားတို့၏ ဂုဏ်သိက္ခာကို အတူတကွမြှင့်တင်ရေးဖြင့် အနာဂတ် မျိုးဆက်သစ်များကို အကျိုးပြုကြရန်” ဖြစ်သည်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၀ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ဖွင့်လှစ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသည် ကုလသမဂ္ဂ၏ အဓိက စိစစ်သုံးသပ်မှု၊ ကြီးကြပ်မှုနှင့် စစ်ဆေးမှုအဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ ညီလာခံသည် နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပုံမှန်အစည်းအဝေးများ ကျင်းပလျက်ရှိသည်။ ပုံမှန်အစည်းအဝေးကို ပုံမှန်အားဖြင့် အဆင့်နှစ်ဆင့် ခွဲခြားထားပြီး ပထမအဆင့်မှာ အထွေထွေ အချေအတင်ဆွေးနွေးသည့် အဆင့်ဖြစ်ပြီး ဒုတိယအဆင့်မှာ အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းထားသည့် အမျိုးမျိုးသော ကိစ္စရပ်များကို စီစစ်သုံးသပ်သည့်အဆင့်ဖြစ်သည်။ (Xinhua)


………………………………………………
(Chinese Version)
第79届联合国大会一般性辩论开幕
新华社联合国9月24日电(记者高山 夏林)第79届联合国大会一般性辩论24日在纽约联合国总部拉开帷幕。多国国家元首、政府首脑和高级别代表将就应对不断恶化的地缘冲突、推进可持续发展、应对全球性危机等国际社会共同关注的重大问题,表达各自国家立场并提出解决方案。
联合国秘书长古特雷斯在致辞中说,世界面临前所未有的挑战,地缘政治分歧不断加深、地球持续升温、激烈的战争难见和平曙光,核态势和新武器也投下了阴影,“我们正在走向难以想象的境地——一个有可能吞没世界的火药桶”。
古特雷斯说,乌克兰战事正在蔓延,加沙战火可能席卷整个地区。他呼吁警惕黎以局势升级,强调“黎巴嫩人民、以色列人民以及世界人民无法承受黎巴嫩变成下一个加沙”。
古特雷斯还呼吁加强多边主义、对联合国安理会和全球金融架构等进行改革。他表示,正如《未来契约》所强调的那样,解决不平等问题需要加速改革,同时要促进世界的可持续发展、严肃应对包括人工智能在内的新技术发展带来的新课题。
第79届联大主席菲勒蒙·扬主持开幕式。他在发言中强调,联大一般性辩论仍是世界上最具包容性、代表性和权威性的辩论之一,是全球反思和集体行动的平台。今年的任务十分紧迫,地区冲突此起彼伏,气候变化问题日益明显,可持续发展目标进度远远落后。他呼吁各国采取集体行动,共同面对挑战。
本届联大一般性辩论的主题为“不让任何一个人掉队:携手同行,共促和平、可持续发展与人类尊严,造福今世后代”。
第79届联合国大会10日在联合国总部开幕。联合国大会是联合国主要的审议、监督和审查机构,由联合国全体会员国共同组成。大会于每年9月至12月举行常会。常会通常分两个阶段,前段为一般性辩论阶段,后段为大会审议列入议程的各项议题阶段。(完)
图说:9月24日,在位于纽约的联合国总部,第79届联大主席菲勒蒙·扬(中)在第79届联合国大会一般性辩论开幕式上讲话。