Connect with us

China

တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ၏ လွန်ခဲ့သည့်ကာလနှင့်နှိုင်းယှဉ်သည့် PMI အညွှန်းကိန်း စက်တင်ဘာလတွင် ၀.၇ ရာခိုင်နှုန်း မြင့်တက်

တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် Guangxi Liugong Machinery Co., Ltd. မှ ပြသထားသော ဆောက်လုပ်ရေးစက်ကိရိယာများကို စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
စက်တင်ဘာလတွင် တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှု ၀ယ်လိုအား မန်နေဂျာများ၏ အညွှန်းကိန်းသည် ၄၉.၈ ရာခိုင်နှုန်းရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၀.၇ တိုးလာကာ ကုန်ထုတ်လုပ်ငန်း၏ အလားအလာကောင်းမွန်မှု ပြန်လည် မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ စစ်တမ်းစင်တာ၊ တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ်တို့၏ စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
စက်တင်ဘာလတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်မြင့်လာပြီး စီးပွားရေးအလားအလာများ ကောင်းမွန်လာကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ စစ်တမ်းစင်တာမှ အကြီးတန်းစာရင်းအင်းပညာရှင် ကျောက်ချင့်ဟော်က ပြောကြားခဲ့သည်။
ကုမ္ပဏီလုပ်ငန်းများ၏ ထုတ်လုပ်မှု အရှိန်မြှင့်လာသည်။ ထုတ်လုပ်မှုအညွှန်းကိန်းသည် ၅၁.၂ ရာခိုင်နှုန်းဖြစ်ပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၁.၄ ခု မြင့်တက်လာကာ Critical point အထက်မြင့်တက်လာပြီး ထုတ်လုပ်မှု လုပ်ငန်းများလည်း အရှိန်မြင့်လာသည်။ အသစ်မှာယူမှုအညွှန်းသည် ၄၉.၉ ရာခိုင်နှုန်းရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင် ၁.၀ မြင့်တက်လာခဲ့သည်။ လုပ်ငန်းရှုထောင့်မှကြည့်လျှင် ဆေးဝါး၊ မော်တော်ကား၊ လျှပ်စစ်စက်ပစ္စည်းကိရိယာ၊ ကွန်ပြူတာ ဆက်သွယ်ရေး အီလက်ထရွန်နစ် ကိရိယာစသည့် လုပ်ငန်းများ၏ ထုတ်လုပ်မှုအညွှန်းကိန်းနှင့် အသစ်မှာယူမှုအညွှန်းကိန်းတို့သည် ချဲ့ထွင်မှုအတိုင်းအတာအတွင်းရှိရာ ထုတ်လုပ်မှုနှင့် ဝယ်လိုအား အတော်အတန် သွက်လက်ကြောင်း၊ ရေနံ၊ ကျောက်မီးသွေးနှင့် အခြားလောင်စာ ထုတ်လုပ်ခြင်း၊ သတ္တု အရည်ကျိုခြင်းနှင့် ဖိခြင်း၊ ဆွဲဆန့်ခြင်း ကုန်ချောလုပ်ငန်းစသည် ထုတ်လုပ်မှု အညွှန်းကိန်းနှင့် အသစ်မှာယူမှု အညွှန်းကိန်းသည် နှစ်လဆက်တိုက် Critical point အောက် ရောက်ရှိခဲ့ရာ ထုတ်လုပ်မှုနှင့် ဝယ်လိုအား အတိုင်းအတာတစ်ခုထိ နှေးကွေးခဲ့သည်။
ပမာဏ အသီးသီးရှိသော ကုမ္ပဏီလုပ်ငန်းများ၏ PMI သည် ပြန်လည်ကောင်းမွန်လာသည်။ အကြီးစား ကုမ္ပဏီလုပ်ငန်းများ၏ PMI သည် ၅၀.၆ ရာခိုင်နှုန်းရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၀.၂ ခု မြင့်တက်လာပြီး ချဲ့ထွင်မှုအရှိန် မြင့်တက်လာခဲ့ကြောင်း၊ အလတ်စားနှင့် အသေးစားကုမ္ပဏီလုပ်ငန်းများ၏ PMI သည် ၄၉.၂ ရာခိုင်နှုန်းနှင့် ၄၈.၅ ရာခိုင်နှုန်းအသီးသီးရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၀.၅ ခုနှင့် ၂.၁ ခု အသီးသီး မြင့်တက်လာကာ စီးပွားရေးအလားအလာကောင်းမှုအဆင့် အားလုံး ပြန်လည်ကောင်းမွန်လာခဲ့သည်။ အကြီးစား၊ အလတ်စားနှင့် အသေးစားကုမ္ပဏီလုပ်ငန်းများ၏ ထုတ်လုပ်မှုညွှန်းကိန်းသည် ချဲ့ထွင်မှုအတိုင်းအတာအတွင်းရှိပြီး ၎င်းတို့အနက် အသေးစားကုမ္ပဏီလုပ်ငန်းများ၏ ထုတ်လုပ်မှုညွှန်းကိန်းသည် မေလနောက်ပိုင်း ပထမဆုံးအကြိမ် Critical point ထက် မြင့်တက်လာခြင်းဖြစ်သည်။
နည်းပညာမြင့် ထုတ်လုပ်မှုနှင့် စက်ပစ္စည်းများ ထုတ်လုပ်မှုသည် ဆက်လက် ဦးဆောင်လျက်ရှိသည်။ အဓိကစက်မှုလုပ်ငန်းရှုထောင့်မှကြည့်လျှင် နည်းပညာမြင့်ထုတ်လုပ်မှုနှင့် စက်ပစ္စည်းထုတ်လုပ်မှု PMI များသည် ၅၃ ရာခိုင်နှုန်းနှင့် ၅၂ ရာခိုင်နှုန်း အသီးသီးရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၁.၃ ခုနှင့် ၀.၈ ခုအထိ မြင့်တက်လာကာ ကောင်းမွန်တိုးတက်သည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြောင်း၊ လူသုံးကုန်ပစ္စည်းလုပ်ငန်း PMI သည် ၅၁.၁ ရာခိုင်နှုန်းဖြစ်ပြီး ယခင်လက ရာခိုင်နှုန်းပွိုင့် ၁.၁ ခု မြင့်တက်လာကာ အလားအလာကောင်းမွန်မှု သိသိသာသာ ပြန်လည်မြင့်တက်လာကြောင်း၊ စွမ်းအင်သုံးစွဲမှုမြင့်မားသော လုပ်ငန်းများ၏ PMI သည် ၄၆.၆ ရာခိုင်နှုန်းဖြစ်ပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၀.၂ ခု မြင့်တက်လာကြောင်း သိရသည်။
စျေးနှုန်းအညွှန်းကိန်းမှာမူ အနိမ့်ပိုင်းတွင် ရှိလျက်ရှိသည်။ ပင်မကုန်ကြမ်းများ၏ ဝယ်ယူမှုစျေးနှုန်းအညွှန်းကိန်းနှင့် ရောင်းချစျေးနှုန်းအညွှန်းကိန်းသည် ၄၅.၁ ရာခိုင်နှုန်းနှင့် ၄၄ ရာခိုင်နှုန်းအသီးသီးရှိပြီး ယခင်လကထက် ရာခိုင်နှုန်းပွိုင့် ၁.၉ ခု နှင့် ၂ ခု မြင့်တက်လာပြီး ပို၍နိမ့်သောလည်ပတ်မှုတွင် ရှိနေပေသည်။ လုပ်ငန်းရှုထောင့်မှကြည့်လျှင် ရေနံကျောက်မီးသွေးနှင့် အခြားလောင်စာ ထုတ်လုပ်ခြင်း၊ သတ္တု အရည်ကျိုခြင်းနှင့် ဖိခြင်း၊ ဆွဲဆန့်ခြင်း ကုန်ချောလုပ်ငန်းစသည်တို့တွင် အဓိကကုန်ကြမ်းများ၏ ဝယ်ယူမှုစျေးနှုန်းအညွှန်းကိန်းနှင့် ရောင်းချဈေးနှုန်းအညွှန်းကိန်းသည် နှစ်လဆက်တိုက် အနိမ့်ပိုင်းတွင် ရှိနေပြီး လတ်တလောတွင် သက်ဆိုင်ရာလုပ်ငန်း၏ ဈေးကွက်ဈေးနှုန်းများသည် ယေဘုယျအားဖြင့် သိသိသာသာ ပြောင်းလဲမှုရှိခဲ့သည်။ (Xinhua)

အန်းဟွေးပြည်နယ် ဟဲဖေးမြို့၌ ကျင်းပသော ၂၀၂၄ ကမ္ဘာ့ကုန်ထုတ်လုပ်မှုညီလာခံတွင် Yangwang U9 ကားကို ကြည့်ရှုနေကြသော ပရိတ်သတ်များအား စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………
(Chinese Version)
9月份中国制造业PMI环比上升0.7个百分点
新华社北京9月30日电(记者韩佳诺、潘洁)中国国家统计局服务业调查中心、中国物流与采购联合会30日发布数据,9月份,中国制造业采购经理指数(PMI)为49.8%,比上月上升0.7个百分点,制造业景气度回升。
国家统计局服务业调查中心高级统计师赵庆河表示,9月份,制造业生产活动加快,景气度改善。
企业生产加快。生产指数为51.2%,比上月上升1.4个百分点,升至临界点以上,制造业生产活动加快。新订单指数为49.9%,比上月上升1.0个百分点。从行业看,医药、汽车、电气机械器材、计算机通信电子设备等行业生产指数和新订单指数均位于扩张区间,产需较快释放;石油煤炭及其他燃料加工、黑色金属冶炼及压延加工等行业生产指数和新订单指数连续两个月低于临界点,产需有所放缓。
各规模企业PMI均有回升。大型企业PMI为50.6%,比上月上升0.2个百分点,扩张步伐有所加快;中、小型企业PMI分别为49.2%和48.5%,比上月上升0.5和2.1个百分点,景气水平均有改善。大、中、小型企业生产指数均位于扩张区间,其中小型企业生产指数5月份以来首次升至临界点以上。
高技术制造业和装备制造业继续领跑。从重点行业看,高技术制造业和装备制造业PMI分别为53%和52%,比上月上升1.3和0.8个百分点,继续保持良好发展态势;消费品行业PMI为51.1%,比上月上升1.1个百分点,景气度明显回升;高耗能行业PMI为46.6%,比上月上升0.2个百分点。
价格指数仍处低位。主要原材料购进价格指数和出厂价格指数分别为45.1%和44%,比上月上升1.9和2个百分点,仍位于较低运行水平。从行业看,石油煤炭及其他燃料加工、黑色金属冶炼及压延加工等行业的主要原材料购进价格指数和出厂价格指数连续两个月处于低位,近期相关行业市场价格总体水平波动较大。(完)
图说1:9月25日,在东博会上,广西柳工机械股份有限公司展出的工程机械设备。新华社记者 黄浩铭 摄
图说2:9月20日,观众在安徽合肥举行的2024世界制造业大会上参观体验仰望U9参展车。