Connect with us

China

ခရီးသွားလာမှု၊ ယဉ်ကျေးမှုခရီးသွားကဏ္ဍနှင့် ဝယ်ယူသုံးစွဲမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ စဉ်ဆက်မပြတ် မြင့်တက်လာသည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံ နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွမ်းမြို့ ရှင်းချင့်ခရိုင် ကူလုန်းတွင် လျှပ်စစ်မီးအလှပြရှိုးပွဲကြည့်ရှုနေသော ခရီးသွားများအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံးရှိ မီးရထားလမ်းများသည် ၇ ရက်ဆက်တိုက် တစ်နေ့လျှင် ခရီးသည် ၁၇ သန်းကျော် ပို့ဆောင်ခဲ့သည်။ အားလပ်ရက်များအတွင်း လူမှုနယ်ပယ်အားလုံးမှ ဒေသဖြတ်ကျော် သွားလာသူများမှာ ၁.၉၄ ဘီလီယံအထိ ရှိနိုင်ပြီး တစ်နေ့လျှင် ပျမ်းမျှခရီးသည် ၂၇၇ သန်းရှိသည်ဟု တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။
တရုတ်နိုင်ငံ အမျိုးသားနေ့ ရွှေရောင်ရက်သတ္တပတ်အတွင်း ခရီးသွားလာမှု၊ ယဉ်ကျေးမှုခရီးသွားကဏ္ဍနှင့် ဝယ်ယူသုံးစွဲမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် စဉ်ဆက်မပြတ် မြင့်တက်လာခဲ့ရာ အင်တာနက်သုံးစွဲသူများ “ဒါတရုတ်နိုင်ငံပဲ” ဟူ၍ပင် အံ့အားသင့်စေခဲ့သည်။
တက်ကြွလှုပ်ရှားမှု အားမာန်များနှင့် ပြည့်နှက်နေသည့် တရုတ်နိုင်ငံ
အမျိုးသားနေ့ မတိုင်မီရှေ့တစ်ရက်တွင် တရုတ်နိုင်ငံ မီးရထား ပြေးဆွဲမှုသည် ခရီးမိုင်ပေါင်း ၁၆၀,၀၀၀ ကီလိုမီတာကို ကျော်လွန်ခဲ့ပြီး ၎င်းအနက် မြန်နှုန်းမြင့် မီးရထား ပြေးဆွဲသည့် ခရီးမိုင်မှာ ၄၆,၀၀၀ ကီလိုမီတာကို ကျော်လွန်ကာ ကမ္ဘာ့ ပထမ အဆင့်တွင် ခိုင်ခိုင်မာမာရှိနေခဲ့သည်။ “အလျားလိုက် ရထားလမ်းကြောင်း (၈) ခု၊ ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု” ပို့ဆောင်ဆက်သွယ်ရေးကွန်ရက်သည် ပြည်သူများကို ချက်ချင်းစိတ်ကြိုက် လည်ပတ်စေနိုင်ခဲ့သည်။
ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်၌ အမျိုးသားနေ့အားလပ်ရက်၏ ပထမနေ့တွင် ကုန်းပြင်မြင့်မီးရထားသည် ခရီးသည် ၉၈,၈၀၀ ဦး ပို့ဆောင်ခဲ့ပြီး တစ်ရက်အတွင်း ပို့ဆောင်သောခရီးသည်အရေအတွက်အများဆုံး စံချိန်တင်ခဲ့သည်။ အရောင်အသွေးစုံသော တောင်ပိုင်းနယ်နိမိတ်ဒေသများတွင် အမှတ် ၇၅၅၇ အစိမ်းရောင် အနှေးရထားစီးပြီး ပေါ့ပလာပင်များ အဝါရောင်ပြောင်းလဲလာခြင်း၊ ဝါခင်းများ အဖြူရောင်သန်းလာခြင်းကို ရှုစားကာ ဆောင်းဦး၏အလှကို ခံစားကြပေသည်။
အောက်တိုဘာလ ၁ ရက်တွင် ဆန်းကျန့်- ကျုံးစန်း လမ်းကြောင်း၏ ယာဉ်သွားလာမှုပမာဏသည် ယင်းလမ်းစတင်ဖွင့်လှစ်ချိန်မှစ၍ နေ့စဉ် ယာဉ်သွားလာမှုပမာဏ၏ စံချိန်သစ်သို့ ရောက်ရှိခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး၏ နှစ်စဉ် ခရီးသည်သွားလာမှု ပမာဏသည် ပထမဆုံးအကြိမ် သန်း ၂၀ ကျော်လွန်သွားခဲ့သည်။
အမျိုးသားနေ့အားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ အဓိက အဝေးပြေးလမ်းမကြီးများနှင့် အမျိုးသားလမ်းမကြီးများ၏ သွားလာမှုပမာဏမှာ အမြင့်တွင် ဆက်လက်တည်ရှိနေပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။
လှုပ်ရှားမှုများနှင့် သွက်လက်နေသည့်တရုတ်နိုင်ငံတွင် တောက်ပနေသည့် “China Red”က ယဉ်ကျေးမှုခရီးသွားကဏ္ဍ၏ အားမာန်များဖြစ်လာ
အောက်တိုဘာလ ၁ ရက် ညနေ ၄ နာရီခန့်တွင် လူပေါင်း ၁၂၃,၀၀၀ သည် မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်တွင် နိုင်ငံတော်အလံလွှင့်တင်ခြင်းကို ကြည့်ရှုကြပြီး နိုင်ငံတော်သီချင်းသီဆိုခဲ့ကြသည်။
ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားကို ကြည့်ရှုခြင်းနှင့် တော်လှန်ရေး ရှေးဟောင်းနေရာများသို့ လည်ပတ်ကြည့်ရှုခြင်းတို့သည် ပွဲတော်တွင် ရေပန်းစားလာခဲ့သည်။ အမျိုးသားနေ့အားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ အနီရောင်ခရီးသွားဂန္ထဝင်ရှုခင်းနေရာများ၏ ပျမ်းမျှနေ့စဉ် ကြိုတင်မှာယူမှုပမာဏသည် ယခင်ကာလတူထက် ၇၀ ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ ပလက်ဖောင်းကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။
ဟိုင်နန်ပြည်နယ်၊ ချုံဟိုင်မြို့ရှိ Red Detachment of Women Memorial ဥယျာဉ်တွင် ခရီးသွားများသည် အဓိက ခေါင်းစဉ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြပြီး အနီရောင် ယဉ်ကျေးမှုကို ခံစားခဲ့ကြသည်။ ယန်အန်းတော်လှန်ရေးအထိမ်းအမှတ်ပြတိုက်တွင် လူတန်းအရှည်ကြီး တန်းစီကာ လာရောက်ကြည့်ရှုကြသလို စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ လူတင့်ခရိုင်တွင် လူတင့်တံတားပေါ်သို့ ခရီးသွားများ သွားရောက်ကာ ထိတ်လန့်စိတ်လှုပ်ရှားမှုကိုလည်းကောင်း၊ ထိုစဉ်အခါအချိန်ကာလတုန်းက လူတင့်တံတားကို တပ်နီတော်က အလျင်အမြန် ခဲယဉ်းစွာ သိမ်းပိုက်ခဲ့ရပုံကိုလည်းကောင်း ကိုယ်တိုင်ခံစားကြည့်ခဲ့ကြသည်။
မြို့ငယ်လေးတွင် ခရီးသွားခြင်းနှင့် ခရိုင်ခရီးသွားခြင်း၏ ရေပန်းစားမှုက ဆက်တိုက်မြင့်တက်လာခဲ့သည်။ စာရင်းဇယားများအရ ကျိုကျိုက်ကိုး၊ အန်းကြည်၊ ရှန်ဂရီလာစသည့် ခရိုင်အဆင့်မြို့များနှင့် ခရိုင်မြို့များသည် အားလပ်ရက်ပထမနေ့၏ ကြိုတင်မှာယူမှုမှာ ၁၀၉ ရာခိုင်နှုန်း၊ ၈၆ ရာခိုင်နှုန်း၊ ၇၄ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။
ယဉ်ကျေးမှု ခရီးသွား မြင်ကွင်းများတွင် အသစ်အဆန်းအစီအမံများနှင့် ပြည့်နှက်နေပြီး လုပ်ငန်းပုံစံသစ်များ အဆက်မပြတ် ပေါ်ထွက်လျက်ရှိသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာသစ် “ပေကျင်းမြို့ ဗဟိုဝင်ရိုးလိုင်း” သည် ခရီးသွားများအကြား ရေပန်းစားခဲ့ပြီး သက်ဆိုင်ရာခရီးသွားလုပ်ငန်း ထုတ်ကုန်များ၏ ကြိုတင်မှာယူမှုမှာ ယခင် ကာလတူထက် ၆၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ စီချွမ်းပြည်နယ် တယ်ရန်မြို့က “အရောင်အသွေးစုံ ဆန်းရှင်းသွေး၊ အမျိုးသားနေ့အားလပ်ရက် ပျော်ရွှင်ဖွယ်လည်ပတ်ခရီး” လှုပ်ရှားမှုကို စီစဉ်ခဲ့ရာ ဆန်းရှင်းသွေးပြတိုက်ရှုခင်းသာနေရာသို့ လာရောက်လည်ပတ်သူဦးရေသည် ယခင်ကာလတူထက် ၁၉.၄၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ဆန်းရှီး ပြည်နယ်ရှိ ရင့်ခရိုင်ရှိ သစ်သားဘုရားကျောင်းစသည့် “Black Myth Wukong” ဂိမ်း၌ ပါဝင်သောနေရာများမှာ ဆက်လက်ရေပန်းစားလျက်ရှိပေသည်။
လှုပ်ရှားမှုများနှင့် သွက်လက်နေသည့်တရုတ်နိုင်ငံက ယဉ်ကျေးမှုနှင့် စီးပွားရေး၏ ပေါင်းစည်းမှု၊ ကြည့်ရှုသူပမာဏနှင့် စီးပွားရေးပမာဏ၏ တိုးတက်မှု ဖြစ်လာ
အောက်တိုဘာ ၇ ရက်အထိ ၂၀၂၄ ခုနှစ် အမျိုးသားနေ့ကာလ၏ ရုပ်ရှင်လက်မှတ်ရောင်းချမှုပမဏ စုစုပေါင်းမှာ ယွမ် ၂ ဘီလီယံကျော်သွားပြီဖြစ်ကြောင်း အွန်လိုင်းပလက်ဖောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ “Volunteers: Battle of Life and Death” စသည့် ရုပ်ရှင်များ၏ လက်မှတ်ရောင်းချမှုပမဏမှာ ထိပ်တန်းတွင် ရှိနေပေသည်။
“ပြိုင်ပွဲများနှင့်အတူ ခရီးသွားခြင်း” က “အမျိုးသားနေ့ ရွှေရောင်ရက်သတ္တပတ်” ကို “ပြိုင်ပွဲ ရွှေရောင်ရက်သတ္တပတ်” အဖြစ် ပြောင်းလဲစေခဲ့သည်။ အားကစားပွဲများသည်နေရာအနှံ့တွင် စည်စည်ကားကားကျင်းပနေကြရာ 2024 China Tennis Open ၊ WTT Grand Slam…စသည့် အားကစားပွဲတစ်ပွဲက ခရီးသွားများကို တစ်မြို့လုံး လည်ပတ်ရန် ဆွဲဆောင်နေပြီး “အားကစားပြိုင်ပွဲ ကြည့်ရှုမှု” က “စီးပွားရေးပမာဏ တိုးတက်မှု” သို့ ပြောင်းလဲပေးခဲ့သည်။
ကွေ့ကျိုးပြည်နယ် ရုံကျန်းခရိုင်ရှိ “Village Super” ဘောလုံးကွင်းပရိသတ်ကြည့်ရှုစင်မှ ခရီးသွားဧည့်သည့် လီကျန်းကျန်း က “Village Super” ဘောလုံးကွင်းမှာ နိုင်ငံခြားဘောလုံးအသင်းတွေရဲ့ ရှုမောဖွယ် ယှဉ်ပြိုင်မှုတွေကို ကြည့်ရမယ်လို့ မထင်ထားခဲ့ဘူး၊ အဝေးကြီးကနေ ဘောလုံးပွဲသက်သက်လာကြည့်တာ တန်တယ်” ဟု ရင်တွင်းခံစားချက်ဖြင့် ပြောကြားခဲ့သည်။
စာရင်းဇယားများအရ အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ကွေ့ကျိုးပြည်နယ် “Village Super” က ခရီးသွား စုစုပေါင်း ၃၈၆,၃၀၀ ဦးကို ရုံကျန်းခရိုင်သို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်ခဲ့ရာ ယခင် ကာလတူထက် ၃၀.၆၇ ရာခိုင်နှုန်းတိုးလာပြီး ခရီးသွားကဏ္ဍ အထွေထွေ ၀င်ငွေ ယွမ် ၄၆၄ သန်း ရရှိခဲ့ရာ ယခင် ကာလတူထက် ၂၆.၇၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။
အားလပ်ရက်အတွင်း အစားအသောက်ဈေးကွက်၏ ဝယ်ယူစားသုံးမှုမှာ အများအပြားခေတ်စားနေခဲ့ရာ အချို့သော ဟော့ပေါ့ဆိုင်ခွဲများတွင် နေ့လယ်စာစားချိန် စားသုံးသူစီးဆင်းမှုနှုန်းသည် ၄၀ ရာခိုင်နှုန်းကျော် တိုးလာပြီး လက်ဖက်ရည်ဖျော်ရည်ကုန်အမှတ်တံဆိပ်အများအပြား၏ အော်ဒါမှာယူမှုများမှာ တစ်ဟုန်ထိုးများလာခဲ့ကြောင်း ပလက်ဖောင်းကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ အားလပ်ရက်မတိုင်မီ ငါးရက်အလိုတွင် စားသောက်ဆိုင်များ၏ နေ့စဉ် ပျမ်းမျှ ဝယ်ယူစားသုံးမှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် အမျိုးသားနေ့အားလပ်ရက်နှင့် နှိုင်းယှဉ်ပါက ၃၃.၄ ရာခိုင်နှုန်း တိုးလာပြီး ညပိုင်းအချိန် ဝယ်ယူစားသုံးမှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် အမျိုးသားနေ့အားလပ်ရက်နှင့် နှိုင်းယှဉ်ပါက ၄၄.၈ ရာခိုင်နှုန်းပွိုင့် တိုးလာခဲ့သည်။
နေရာအသီးသီးရှိ လျှော့ဈေးမူဝါဒများစွာက ဝယ်ယူစားသုံးသူများ၏ စိတ်အားထက်သန်မှုကို “လှုံ့ဆော်”ပေးခဲ့သည်။ အမျိုးသားနေ့အားလပ်ရက်အတွင်း ပေကျင်းမြို့တွင် ဝယ်ယူစားသုံးမှုမြှင့်တင်ရေး လှုပ်ရှားမှု ပွဲပေါင်း ၄၀၀ နီးပါး ကျင်းပခဲ့ပြီး အဓိက ဈေးရောင်းနေရာများ၏ ဧည့်သည်သွားလာမှုပမာဏမှာ ၄၅ သန်းကျော် ရှိခဲ့သည်။ အားလပ်ရက်မတိုင်မီ သုံးရက်အလိုတွင် ချုံချင့်မြို့၌ လူပေါင်း ၅၀,၀၀၀ ကျော်သည် အိမ်သုံးလျှပ်စစ်ပစ္စည်း ထောက်ပံ့ကြေးပြည့်မီရေး လျှောက်ထားခဲ့ကြပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းအားတန်ဖိုး ယွမ် သန်း ၂၃၀ ကျော်အထိရှိခဲ့သည်။
တက်ကြွလှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည့် တရုတ်နိုင်ငံ၏ ရွှေရောင်ရက်သတ္တပတ်မှာ “China Red” ဖြင့် တောက်ပနေခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟိန်ရန်အရှေ့ဘူတာရုံတွင် ရထားစီးရန် တန်းစီနေသော ခရီးသွားဧည့်သည်များကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(Chinese Version)
不断刷新的出行、文旅、消费数据,这就是中国!
新华社北京10月7日电连续7天,全国铁路日发送旅客超1700万人次;交通运输部预计,假期全社会跨区域人员流动量将达到19.4亿人次,平均每天2.77亿人次!
国庆黄金周,不断刷新的出行、文旅、消费数据,让网友感叹,这就是中国!
流动中国,充满活力、蕴含张力——
国庆前夕,中国铁路营业里程突破16万公里,其中高铁营业里程超4.6万公里,稳居世界第一。“八纵八横”,让国人出行说走就走。
青藏高原上,国庆假期首日,高原铁路发送旅客9.88万人次,创单日发送旅客量最高纪录;多彩南疆,乘坐7557次绿皮慢火车,看胡杨转黄,棉田泛白,品秋收味道……
10月1日,深中通道车流量创下通车以来日通行量新纪录;10月4日,港珠澳大桥年客流量首次突破2000万人次大关。
国庆假期期间全国主要高速公路、国道流量持续高位运行,与去年同期相比分别上升5.3%、11.3%。
流动中国,“中国红”闪耀,释放文旅新动能——
10月1日4时许,12.3万人聚集在首都北京天安门广场,看升旗、唱国歌。
今年是新中国成立75周年,看升旗仪式、游革命老区,成为过节潮流。相关平台数据显示,国庆假期全国红色旅游经典景区日均订单量同比增长70%。
在海南琼海红色娘子军纪念园,游客们参与主题活动,感受红色文化;延安革命纪念馆门前排起了长队;四川甘孜州泸定县,游客们踏上泸定桥感受其惊险,体会当年红军飞夺泸定桥的不易……
小城旅游、县域旅游热度持续上升。据统计,九寨沟、安吉、香格里拉等县级市和县城在假期首日都分别实现订单109%、86%、74%的增长。
文旅场景上新目不暇接,新业态不断。新晋世界文化遗产地“北京中轴线”受到游客热捧,相关旅游产品预订热度同比增长69%;四川德阳市组织“缤纷三星堆 国庆奇妙游”活动,三星堆博物馆景区接待人数同比增长19.48%;山西应县木塔等 “黑神话・悟空”游戏取景地持续火爆……
流动中国,是文化与经济交融,流量亦是增量——
据网络平台数据,截至10月7日2024年国庆档档期总票房突破20亿。《志愿军:存亡之战》等居票房榜前列。
“跟着赛事去旅行”,“国庆黄金周”成为“赛事黄金周”。多地体育赛事如火如荼,2024中国网球公开赛、WTT大满贯赛……一场赛吸引游客玩遍一座城,“体育流量”变“经济增量”。
贵州榕江县“村超”球场观众席,游客李晶晶感慨地说:“没想到在‘村超’球场上还看到了来自国外球队的精彩表现,大老远来专门看球赛,值!”
据统计,10月1日至5日,贵州“村超”吸引了共计38.63万人次到榕江县旅游,同比增长30.67%;实现旅游综合收入4.64亿元,同比增长26.78%。
平台数据显示,假期餐饮市场消费火热,部分火锅连锁店午市客流增长超四成,多个茶饮品牌门店爆单。假期前5天餐饮堂食消费日均值相比2023年国庆假期增长33.4%,夜间时段消费较2023年国庆假期增长44.8个百分点。
各地多项优惠政策“点燃”消费热情。国庆假期,北京举办近400项促消费活动,重点商圈客流量超过4500万人次;假期前3天,重庆市累计申领家电补贴资格5万多人次,带动家电销售额超过2.3亿元……
流动中国活力喷涌,黄金周“中国红”闪耀!(完)
图说1:10月6日,游客在宁夏银川市兴庆区鼓楼观看灯光秀(无人机照片)。新华社记者 王鹏 摄
图说 2:10月6日,旅客在湖南省衡阳东站站台排队乘车。新华社发(曹正平 摄)