Connect with us

Sport

ခြေစစ်ပွဲ အောင်မြင်ရေး အတွက် ဗီယက်နမ်ကို မြန်မာအသင်း အနိုင်ကစားရမည်ဟုဆို

ဟောင်ကောင်ကို အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် မြန်မာအသင်း တိုက်စစ် ကစားသမား အောင်မိုးသူအားမြင်တွေ့ရစဉ် (ဓါတ်ပုံ- MFF)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် အုပ်စု ဒုတိယ နေရာ၌ ရပ်တည်နေသော်လည်း အာရှ ဘောလုံးအဖွဲ့ချုပ် ၏ စည်းမျဉ်းများ အရ နောက်တစ်ဆင့် တက်ရောက်လိုပါက နောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ် အသင်းကို အနိုင်ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ သိရသည်။

လက်ရှိတွင် အုပ်စု(ဆ) အတွင်း ဗီယက်နမ်က သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ၉ မှတ်ဖြင့် အုပ်စု ပထမ၊ မြန်မာ အသင်းက သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် ၇ မှတ် ရရှိကာ အုပ်စု ဒုတိယနေရာတွင် အသီးသီး ရပ်တည် နေကြသည်။

အာရှ ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများ အရ အကောင်းဆုံး အုပ်စု ဒုတိယ အသင်းကို ရွေးချယ် ဆုံးဖြတ်ရာတွင် အသင်း ငါးသင်း ပါဝင်သည့် အုပ်စုမှ အသင်းများ အနေဖြင့် အုပ်စု အောက်ဆုံးအသင်းနှင့် တွေ့ဆုံမှု ရလဒ်ကို ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သောကြောင့် မြန်မာ အသင်းအနေဖြင့် ဘရူနိုင်း နှင့် ပွဲရလဒ်ကို ပယ်ဖျက်ထားပါက ရမှတ် ၄ မှတ်သာ ရရှိသေးသည်။ သို့ဖြစ်ရာ ဗီယက်နမ် နှင့် ပွဲ၌ သရေ တစ်မှတ် ရရှိခဲ့လျှင်ပင် အကောင်းဆုံး အုပ်စု ဒုတိယ အနေဖြင့် တက်ရောက်ရန် အခွင့်အရေး မရှိဘဲ ခြေစစ်ပွဲ အောင်မြင်လိုပါက ဗီယက်နမ်ကို အနိုင်ကစားရမည် ဖြစ်ကြောင်းသိရသည်။

ဗီယက်နမ်အသင်း နှင့် ပတ်သက်၍ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက “ဗီယက်နမ်က ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းလို့ ဟောင်ကောင်နည်းပြ ပြောသွားတာကို လက်ခံပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီယက်နမ်ဟာ မြန်မာထက် Football Education ပိုင်းမှာ သာနေတာ ကြောင့်ပါ။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ တောင့်တင်းတဲ့ အသင်းဖြစ်ပါစေ ရှုံးပွဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ တီမော နဲ့ ပွဲကလို ခြေစွမ်း စိတ်ဓာတ်မျိုးနဲ့ ကစားရင် ကျွန်တော်တို့ ဗီယက်နမ်ကိုလည်း အနိုင်ရနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနှင့် ဗီယက်နမ်တို့သည် အောက်တိုဘာ ၆ ရက် ညနေ ၆း၃၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ အုပ်စု နောက်ဆုံး ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117