Connect with us

China

စမတ်ကျသောမောင်းနှင်မှု ရောက်ရှိလို့လာ၊ ဖိအားများကြားမှ ရှေ့သို့လှမ်းချီ —— Paris Motor Show တွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ပြသမှုက တရုတ်-ဥရောပ စက်မှုပူးပေါင်းဆောင်ရွက်ရေး ယုံကြည်မှုကို ပေါ်လွင်စေ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Expo Porte de Versailles ပြခန်းစင်တာတွင် ကျင်းပသည့် 2024 Paris Motor Show Media Day ၌ BYD ပြခန်းသို့ လာရောက်ကြည့်ရှုသူများကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် ၉၀ ကြိမ်မြောက် Paris Motor Show တွင် တရုတ်မော်တော်ကားကုမ္ပဏီလုပ်ငန်းအများအပြား၏ စမတ်လျှပ်စစ်ကားအသစ်များကို ထုတ်ဖော်ပြသခဲ့သည်။ ယင်းမှာ ဥရောပဈေးကွက်သို့ တရုတ် စွမ်းအင်သစ်မော်တော်ယာဉ်စက်မှုလုပ်ငန်း၏ နည်းပညာနှင့် စွမ်းဆောင်ရည်ကို ပြသလိုက်ခြင်းဖြစ်သလို စိန်ခေါ်မှုအမျိုးမျိုးကြားမှ ဥရောပဈေးကွက်ကို ဆက်လက်တက်တက်ကြွကြွချဲ့ထွင်ရှာဖွေသော တရုတ်ကားကုမ္ပဏီလုပ်ငန်းများ၏ ဆုံးဖြတ်ချက်နှင့် ရည်မှန်းချက်များကို ပို၍ပြသနိုင်ခြင်းရာ ဥရောပမော်တော်ကားထုတ်လုပ်သူများ၊ အရောင်းကိုယ်စားလှယ်များ၊ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များနှင့် ဝယ်ယူသူများစွာတို့၏ အသိအမှတ်ပြုကြိုက်နှစ်သက်မှုကို ရရှိခဲ့သည်။
ကမ္ဘာ့အကြီးဆုံး မော်တော်ကားပြပွဲကြီး ၅ ခုအနက်မှ တစ်ခုအနေဖြင့် Paris Motor Show သည် ၁၈၉၈ ခုနှစ်၏ International Automobile Salon မှ အစပြုခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး မော်တော်ကားပြပွဲဖြစ်ကာ ၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ၂ နှစ်တစ်ကြိမ် ဆောင်းဦးရာသီတိုင်း ကျင်းပခဲ့သည်။
ယခုအကြိမ် Paris Motor Show ကို အောက်တိုဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရက်သတ္တပတ် တစ်ပတ် ကြာမြင့်မည်ဖြစ်သည်။ ပြပွဲတွင် Hongqi ၊ Dongfeng ၊ GAC Group ၊ BYD ၊ Leapmotor နှင့် Xpeng စသည့် တရုတ်ကားကုမ္ပဏီလုပ်ငန်းများ ပါဝင်ခဲ့ကြသည်။

Leapmotor B10 မော်ဒယ်ကို မော်တော်ကားပြပွဲတွင် ၎င်း၏ ကမ္ဘာ့ပထမဆုံး ပွဲဦးထွက် ပြသခဲ့သည်။ လျှပ်စစ်ကားဒီဇိုင်းအသစ်သည် ပိုမိုစမက်ကျကြောင်း၊ ဥရောပကားထုတ်လုပ်ကုမ္ပဏီ Stellantis Group ၏ Maserati အဖွဲ့နှင့် ပူးပေါင်းကာ မော်တော်ယာဉ် အောက်ခံဘောင် ချိန်ညှိထားပြီး ကားတစ်ခုလုံးကို ဥရောပ ထိပ်တန်းစံချိန်စံညွှန်းများကို အသုံးပြုထားကြောင်း၊ ဤဒီဇိုင်းထုတ်လုပ်ရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ လူငယ်များ၏ စမတ်ကျမှု၊ ဖက်ရှင်ကျမှု၊ ပျော်ရွှင်မှုနှင့် အရည်အသွေး လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း Leapmotor တည်ထောင်သူ၊ ဥက္ကဋ္ဌ ကျူးကျန်းမင်က ပြောကြားခဲ့သည်။
Dongfeng Fengxing ကလည်း နိုင်ငံရပ်ခြားဈေးကွက်အတွက် ရည်ရွယ်သည့် မော်တော်ကား မော်ဒယ် ၄ မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဥရောပဈေးကွက်တွင် Dongfeng Fengxing ရောင်းအားသည် စံချိန်သစ်ချိုးခဲ့ကြောင်း Dongfeng Liuzhou Automobile Co., Ltd. ၏ အထွေထွေမန်နေဂျာ လင်းချန်ပေါက ပြောကြားခဲ့သည်။ Dongfeng Fengxing သည် ကိုယ်ပိုင်အားသာချက်များနှင့် နိုင်ငံခြားစျေးကွက်များ၏ ပကတိအခြေအနေကို ပေါင်းစပ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာစျေးကွက်နှစ်ခု၊ အရင်းအမြစ်နှစ်မျိုးကို အပြည့်အဝအသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာအရင်းအမြစ်ခွဲဝေမှုနှင့် ပေါင်းစည်းနိုင်မှုကို မျက်နှာမူသည့် စွမ်းရည်ကို မြှင့်တင်ကာ Dongfeng Fengxing ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းဖြန့်ကြက်ထားသည့် အခြေအနေသစ်တစ်ရပ်ကို ထူထောင်ထားသည်။
Leapmotor သည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်ကြောင်း Stellantis Group ၏ CEO ဖြစ်သူ Carlos Tavares က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပြင်ပတွင်လည်း သက်သာသောကုန်ကျစရိတ်ဖြင့် စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုကို မြှင့်တင်ရန် Stellantis Group သည် Leapmotor နှင့် ဆန်းသစ်တီထွင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပုံစံ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Leapmotor တွင် ရင်းနှီးမြုပ်နှံခြင်းအပြင် Stellantis Group နှင့် Leapmotor သည် Lingpao International ဖက်စပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ကြောင်း Tavares က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ယခုအခါ ဥရောပဈေးကွက်သို့ ရောင်းချနေပြီး ဤရေရှည်ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပနှင့် အခြားဒေသရှိ လျှပ်စစ်သွားလာရေးအခင်းအကျင်းကို ပြောင်းလဲရန် ရည်ရွယ်ကြောင်း သိရသည်။
Hongqi Motors ပြင်သစ်နိုင်ငံ အရောင်းကိုယ်စားလှယ် Nicolas Caillot က ၎င်းတို့၏ ရည်မှန်းချက်မှာ အမှတ်တံဆိပ်များစွာကို တင်သွင်းရန်မဟုတ်ဘဲ အရည်အသွေးမြင့် အမှတ်တံဆိပ်များကို ရွေးချယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Hongqi သည် နည်းပညာဆိုင်ရာ အားသာချက်များရှိပြီး အရည်အသွေးတူ ဥရောပအမှတ်တံဆိပ်များနှင့်နှိုင်းယှဉ်ပါက ပို၍ဈေးသက်သာကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ် လျှပ်စစ်ကားများ၏ အဓိကအားသာချက်တစ်ခုမှာ ဘက်ထရီနည်းပညာတွင် ဥရောပထက် သာလွန်နေခြင်းဖြစ်သည်ဟု ၎င်းက ယူဆသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများကို ဥရောပသမဂ္ဂ (EU) က အပိုအခွန် ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် EU နှင့် တရုတ်နိုင်ငံကြား နှစ်ဖက်လုံးအတွက် ဟန်ချက်ညီသည့်ဆုံမှတ်ကို အမြန်ဆုံး ရှာဖွေနိုင်မည်ဟု ၎င်းက မျှော်လင့်ကြောင်း၊ ၎င်းနှင့် အထိအတွေ့ရှိသည့် တရုတ်ကုန်အမှတ်တံဆိပ်အများစုသည် စေတနာအရင်းခံဖြင့် ဥရောပဈေးကွက်သို့ ဝင်ရောက်လာသည်ဟု ၎င်းက ဆိုခဲ့သည်။ ဥရောပနှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးသည် အလွန်အရေးကြီးပြီး နှစ်ဖက်စလုံးသည် အပြန်အလှန် လိုအပ်မှုရှိကြကာ အခွန်ကောက်ခံခြင်းကြောင့် နှစ်ဖက်စလုံး ထိခိုက်နစ်နာမှုများ မဖြစ်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အပိုအခွန် ကောက်ခံခြင်းသည် ဝယ်ယူသူများအနေဖြင့်ဆိုလျှင် နစ်နာမှုတစ်ခုဖြစ်ကြောင်း၊ BYD အနေဖြင့် ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ဟန်ဂေရီနိုင်ငံ၌ မော်တော်ကားထုတ်လုပ်ရန် စီစဉ်ထားကြောင်း BYD အမှုဆောင် ဒုဥက္ကဋ္ဌ လီခဲက ဂျာမန်မီဒီယာများနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ BYD သည် ဥရောပ ဈေးကွက်တွင် အရေးပါသော ပါဝင်သူ ဖြစ်လာမည်ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Expo Porte de Versailles ပြခန်းစင်တာတွင် ကျင်းပသည့် 2024 Paris Motor Show Media Day ၌ Xpeng Motor ပြခန်းသို့ လာရောက်ကြည့်ရှုသူများကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………

(Chinese Version)
综述|智能驾到 承压前行——中企亮相巴黎车展凸显中欧产业合作信心
新华社巴黎10月19日电 正在法国举行的第90届巴黎车展上,许多中国车企的新款智能电动汽车亮相,向欧洲市场展示出中国新能源汽车产业的技术和实力,更展现出中国车企在种种不利因素下持续积极开拓欧洲市场的决心和目标,获得不少欧洲汽车制造商、经销商、合作伙伴和消费者的认可与欣赏。
作为世界五大车展之一的巴黎车展起源于1898年的国际汽车沙龙会,是世界上历史最悠久的车展,自1976年后逢双年秋季开展。本届巴黎车展14日开幕,为期一周。红旗、东风、广汽、比亚迪、零跑、小鹏等中国车企参展。
零跑汽车B10车型在车展上开启了全球首秀。零跑汽车创始人、董事长朱江明说,新款电动车更加智能化,并与欧洲汽车制造商斯泰兰蒂斯集团旗下的玛莎拉蒂团队合作进行了底盘调校,全车采用欧洲领先标准设计开发,旨在全面满足全球年轻群体对智能、时尚、乐趣及品质的需求。
东风风行也带来了4款面向海外的重磅车型。东风柳汽总经理林长波说,今年1月至9月,东风风行在欧洲市场业务再创新高。东风风行将结合自身优势和海外市场实际情况,充分利用国内国际两个市场、两种资源,增强面向全球的资源配置和整合能力,建立东风风行全球化布局的新局面。
斯泰兰蒂斯集团首席执行官卡洛斯·塔瓦雷斯表示,零跑是一家发展十分迅速的中国电动汽车公司。集团与零跑达成了创新的全球合作模式,推动高性价比的电动汽车在中国以外地区的使用更加普及。
塔瓦雷斯说,除了入股零跑,集团和零跑还共同创立了合资公司零跑国际。企业现在面向欧洲市场销售,这一长期合作旨在改变欧洲及其他地区的电动交通格局。   红旗汽车法国经销商尼古拉斯·卡约则表示,他们的目标不是引入太多品牌,而是选择优质品牌。红旗具有技术优势,与同等品质的欧洲品牌相比更加实惠。
他认为,中国电动车的一大优势是电池技术领先欧洲。谈到欧盟对进口自中国的电动汽车加征关税时,他期待欧盟与中国能够尽快找到平衡点。他说,他接触的大多数中国品牌都是带着诚意进入欧洲市场。欧中之间的经济文化交流至关重要,双方需要彼此,不能因为关税而两败俱伤。
比亚迪执行副总裁李柯日前接受德国媒体采访时表示,加征关税对消费者来说是一种损失,比亚迪计划于2025年底在匈牙利生产汽车。她说,比亚迪将成为欧洲重要的市场参与者。(完)
图说1:10月14日,人们在法国巴黎凡尔赛门展览中心举行的2024巴黎车展媒体开放日上参观比亚迪展台。
图说2:10月14日,人们在法国巴黎凡尔赛门展览中心举行的2024巴黎车展媒体开放日上参观小鹏汽车展台。