Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၂၁/၁၀/၂၀၂၄-MRTV)

-လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ (၂၂/၁၀/၂၀၂၄-MOI)

-ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီး (၂၁/၁၀/၂၀၂၄ – MOI)

-အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံများအား ဖမ်းဆီးရမိ (၂၁/၁၀/၂၀၂၄ – MOI)

-ရန်ကုန်မြို့တစ်ပတ် ပြေးဆွဲနေသည့် မြို့ပတ်ရထားလက်မှတ်ခနှုန်းထားများ တိုးမြှင့်သတ်မှတ်ထား (၂၂/၁၀/၂၀၂၄-MRTV)

-မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား (၂၂/၁၀/၂၀၂၄-MRTV)

-မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းကို ၂၀၂၄ ခုနှစ် မဲခေါင်လန်ချန်း အထူးရန်ပုံငွေ ခွင့်ပြုချက်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ အုန်းပင်စုကျေးရွာအား ရွေးချယ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ အဓိကဆောင်ရွက်သွားမည် (၂၂/၁၀/၂၀၂၄-MRTV)

-ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လေဆိပ်သို့ လေယာဉ်ခရီးပျံသန်း ပြေးဆွဲပေးနေပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ ခရီးစဉ်ဒေသများသို့ အချိန်တိုအတွင်း သွားလာနိုင်ပြီး အဆင်ပြေလျက်ရှိ (၂၂/၁၀/၂၀၂၄-MRTV)