Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့က ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။လန်ချန်း-မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက အမျိုးသားလေးယောက်တွဲနှင့် အမျိုးသမီးလေးယောက်တွဲ ပွဲစဉ်တို့၌ ငွေတံဆိပ်ဆုများ ရရှိခဲ့ပြီး အမျိုးသား သုံးယောက်တွဲနှင့် အမျိုးသမီး သုံးယောက်တွဲပွဲစဉ်တို့၌ ကြေးတံဆိပ်ဆုများ အသီးသီး ရရှိခဲ့ကြောင်း အသင်းမန်နေဂျာ ဦးရဲမြလွင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာအားကောင်းလာစေပြီး အားကစားသမားများအတွက် တန်ဖိုးရှိသော အတွေ့အကြုံများကို ရရှိစေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————–
Myanmar secure 2 silvers, 2 bronzes at Lancang-Mekong Sepak Takraw competition
YANGON, Oct. 29 (Xinhua) — Myanmar’s Sepak Takraw team secured two silver and two bronze medals at the Lancang-Mekong Sepak Takraw competition, which took place from October 24 to 27 in Nanning, Guangxi Zhuang Autonomous Region, China, according to the Myanmar Sepak Takraw Federation.
During the competitions, Myanmar earned silver medals in both men’s and women’s foursome events, and bronze medals in the men’s and women’s regu events, team manager Ye Mya Lwin told Xinhua.
Participation in the competition helps strengthen the friendship between China and Myanmar while offering valuable experiences for athletes, he said. Enditem