Sino-Myanmar
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပံ့ပိုးမှုဖြင့် ရေရရှိရေးစီမံကိန်း ပြီးစီးလုနီးပါးဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ၂၀၂၃ ၏ ပံ့ပိုးမှုဖြင့် ရေရရှိရေးစီမံကိန်းက ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့သည့် နှစ်နှစ်ကြာ ယင်းစီမံကိန်းအား ရှမ်းပြည်နယ်ရှိ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် လွိုင်လင်မြို့တို့ရှိ ကျေးရွာသုံးရွာတွင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယင်းစီမံကိန်းအား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ပံ့ပိုးမှုမှ အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ကျော်နှင့် အစိုးရထည့်ဝင်ပံ့ပိုးပေးမှုမှ အမေရိကန်ဒေါ်လာ ၂၆,၀၀၀ ကျော်တို့ဖြင့် ထောက်ပံ့ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရေတားတမံများ တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် အနှေးသဲစစ်ထုတ်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စီမံကိန်းပြီးစီးပြီးနောက် ကျေးရွာသူ/သားများအနေဖြင့် သန့်ရှင်းသည့် သောက်သုံးရေများ ရရှိမည် ဖြစ်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကာ ရေရရှိရေးအတွက် တောထဲသို့ သွားလာရန် မလိုအပ်တော့ဘဲ အချိန်ကိုလည်း သက်သာစေမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၌ ရေရရှိရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဦးစိုးမောင်က ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
Water access project in eastern Myanmar nears completion with LMC support
YANGON, Oct. 30 (Xinhua) — The water access project in eastern Myanmar’s Shan State, supported by the Lancang-Mekong Cooperation (LMC) special fund 2023, is over 90 percent complete, an official from the Department of Rural Development said on Wednesday.
The two-year project, which was launched in August 2023, is being carried out in three villages in Nyaungshwe Township, Yatsauk Township, and Loilem Township in Shan State, U Soe Maung told Xinhua.
The project was funded with over 240,000 U.S. dollars from the LMC special fund and over 26,000 dollars from government contributions, he said.
The construction of water barrier dams, installation of pipes, and setup of slow sand filters have been successfully completed, he said.
After completing the project, villagers will have access to clean drinking water, which will improve their health and save the time of traveling to the forest for water, he added.
In 2022, water access projects supported by the LMC fund had been implemented in Myanmar’s delta region, Ayeyarwady region, U Soe Maung said. ■