Connect with us

Media

ဒရုန်းများဖြင့် မုန်ညင်းစိမ်းမျိုးစေ့ကြဲ စိုက်ပျိုးခြင်း

ယူနန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
လက်ရှိအချိန်က ယူနန်ပြည်နယ် ချွီကျင့်မြို့တွင် မုန်ညင်းစိမ်းမျိုးစေ့ကြဲ စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ယခုနှစ် ချွီကျင့်မြို့ လော်ဖိန်ခရိုင် စိုက်ပျိုးရေးဌာနက ဒရုန်းဖြင့်မျိုးစေ့ကြဲ စိုက်ပျိုးသည့် နည်းပညာကိုအသုံးပြုခဲ့ပါသည်။
သမားရိုးကျ လုပ်သားအင်အားနှင့် မျိုးစေ့ကြဲစိုက်ပျိုးသောနည်းလမ်းနှင့် နှိုင်းယှဉ်ပါက ဒရုန်းဖြင့်မျိုးစေ့ကြဲစိုက်ပျိုးနည်းက အလွန်လျင်မြန်မှု၊ ထိရောက်မှု မြင့်မားသောအားသာချက်များရှိနေသည်မှာ ထင်ရှားပါတယ်။ ပမာဏကြီးမားသော မျိုးစေ့ကြဲစိုက်ပျိုးခြင်းလုပ်ငန်းကို အချိန်တိုအတွင်းမှာပင် ပြီးမြောက်နိုင်ပြီး လုပ်ငန်းထိရောက်မှုများစွာ မြှင့်တင်နိုင်ခဲ့ရာ တစ်ရက်ကို တရုတ်ဧက မူ (Mu) တစ်ရာကျော် မျိုးစေ့ကြဲနိုင်ပါတယ်။
လက်ရှိ လော်ဖိန်ခရိုင်က မူ (Mu) ၅,၀၀၀ ကို ဒရုန်းနဲ့ မုန်ညင်းစိမ်းမျိုးစေ့တွေ ကြဲပြီး ဖြစ်ပါတယ်။ (Xinhua)

……………………………………..
(Chinese Version)
用无人机播种油菜
眼下,正是云南省曲靖市播种油菜的最佳时节,今年曲靖市罗平县农业部门引进无人机播种技术进行播种。
与传统的人工播种方法相比,无人机播种技术具备速度快、效率高的显著优势,能够在短时间内完成大规模的播种任务,大大提高播种效率,一天可以播散一百多亩。
目前,罗平县已全部完成5000亩油菜田的无人机播种。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.