Connect with us

Africa & Middle East

“တရုတ်နိုင်ငံဆီမှ ရတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”၊ ပါကစ္စတန်နိုင်ငံ ဂွါဒါမြို့ရှိ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးဆေးရုံသို့ သွားရောက်လည်ပတ်ခြင်း

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံမူဘောင်အောက်ရှိ ပြည်သူလူထုနှင့် လူနေမှုဘဝ ကူညီထောက်ပံ့ရေး စီမံကိန်း ဖြစ်သော ဂွါဒါဆိပ်ကမ်း ပင်လယ်ရေချိုထုတ်လုပ်ရေး စက်ရုံ (Gwadar Seawater Desalination Plant) တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးဆေးရုံ၏ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေး ပြီးစီးခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ဂွါဒါမြို့၌ ကျင်းပခဲ့ရာ အမှာစကားပြောကြားနေသော ပါကစ္စတန်အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် Anwaar-ul-Haq Kakar ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂွါဒါ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဂွါဒါတွင် တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သည့် တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးဆေးရုံ ဖွင့်လှစ်သည်မှာ နှစ်ဝက်ခွဲခန့်ရှိပြီဖြစ်သည်။ မကြာသေးမီရက်က ဆင်ဟွာသတင်းထောက်သည် အဆိုပါဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့ရာတွင် ခေတ်မီဆေးကုသရေးဆိုင်ရာကိရိယာများနှင့် ဝန်ဆောင်မှုများကို ဒေသခံပြည်သူများက အပြည့်အဝ ချီးမွမ်းထောမနာပြုကြသည်ကို တွေ့ရှိခဲ့သည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်ရှိ ပြည်သူလူထုနှင့် လူနေမှုဘဝ ကူညီထောက်ပံ့ရေး စီမံကိန်းတစ်ခုအနေဖြင့် တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ဆေးရုံကို ယခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ အတွင်းလူနာဌာန၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေး အစရှိသည့် လုပ်ငန်းဆိုင်ရာ ဧရိယာများ ပါဝင်ပြီး ဌာနအသီးသီး၏ အဆောက်အဦများမှာလည်း ပြည့်စုံကြောင်း သိရသည်။
တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ဆေးရုံ မတည်ဆောက်မီက ဂွါဒါမြို့ရှိ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များသည် အလွန်ရှားပါးခဲ့ပြီး ဆေးရုံဟောင်းများ၏ အဆောက်အအုံများသည် ရိုးရှင်း၍ နွမ်းပါးကြောင်း၊ ရောဂါရှာဖွေရေးနှင့် ကုသရေး နည်းလမ်းများမှာလည်း ရိုးရှင်း၍ နည်းပါးကြောင်း၊ အခြေခံအကျဆုံး ကျန်းမာရေးစစ်ဆေးမှုအတွက်ပင်လျှင် ကီလိုမီတာ ၅၀၀ ကျော်ဝေးကွာသော ကရာချိစသည့် မြို့ကြီးများသို့ ခရီးဝေးသွားရောက်ရကြောင်း၊ “အခု တရုတ်နိုင်ငံက လှူဒါန်းတဲ့ စက်ကိရိယာတွေနဲ့ လူနာတွေကို အချိန်နဲ့တစ်ပြေးညီ မြန်မြန်ဆန်ဆန်၊ တိတိကျကျ ရောဂါရှာဖွေပြီး ကုသနိုင်ပါပြီ” ဟု ဆေးရုံအုပ်ကြီး Affan Faiq Zada ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
ပါကစ္စတန်နိုင်ငံရှိ နာမည်ကြီး ဆေးရုံအများအပြားတွင် ယခင်က အလုပ်လုပ်ခဲ့ဖူးပေသည်။ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ဆေးရုံ၏ ပြီးပြည့်စုံသော အဆောက်အအုံများသည် ၎င်း စိတ်ကူးကြည့်ထားသည်ထက် ကျော်လွန်နေကြောင်း Affan က ဆိုသည်။ “CT စကင်နာတွေ၊ ဓာတ်မှန်စက်တွေ၊ ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတွေ… တရုတ်နိုင်ငံမှ ပံ့ပိုးပေးတဲ့ အဆင့်မြင့်စက်ကိရိယာတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်၊ ဒါတွေက ဒေသခံပြည်သူများအတွက် အလွန်ကောင်းမွန်တဲ့ ကံကောင်းခြင်းပါပဲ” ဟု ၎င်းက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ဆေးရုံတွင် ဆေးကုသရန် စောင့်ဆိုင်းနေသည့် လူနာ အများအပြားရှိသော်လည်း ပြင်ပလူနာများ ဧရိယာသည် သန့်ရှင်းသပ်ရပ်ပြီး စက်ကိရိယာ အမျိုးမျိုးမှာ ကောင်းစွာလည်ပတ်နေသလို လူနာများ၏ ပုဂ္ဂိုလ်ရေးလျှိုဝှက်မှုများကို ကာကွယ်ရန်အတွက် ဆေးကုသခန်းများကို အမျိုးသား၊ အမျိုးသမီး ခွဲခြား၍ ကုသရေးနေရာ အမျိုးမျိုး ထားရှိကြောင်း သတင်းထောက်က တွေ့ရှိခဲ့သည်။
အလုပ်သက်တမ်း အနှစ် ၂၀ ကျော်ရှိသည့် အဆိုပါဆေးရုံမှ သားဖွားမီးယပ် ဆရာဝန် Shazia Ali က တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ဆေးရုံတွင် တပ်ဆင်ပေးထားသော အာထရာဆောင်း (Ultrasound) ကိရိယာသည် ရောဂါရှာဖွေရေးနှင့် ကုသရေးအတွက် တိကျမှုကို များစွာ မြှင့်တင်ပေးကြောင်း သတင်းထောက်အား ပြောကြားခဲ့သည်။ အဆိုပါဆေးရုံတွင် မွေးကင်းစကလေးများအတွက် အထူးကြပ်မတ်ကုသဆောင်နှင့် သားဖွားမီးယပ်ကုသရေး အဆောက်အအုံ အသီးသီးမှာလည်း အလွန်ပြည့်စုံကြောင်း၊ ဆေးရုံကို ဖွင့်လှစ်ပြီးနောက် ထိုဒေသအတွင်း မိခင်သေဆုံးမှုနှုန်းနှင့် မွေးကင်းစကလေးသေဆုံးမှုနှုန်း ကျဆင်းသွားကြောင်း သိရသည်။
တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးဆေးရုံဖြစ်သော “တရုတ်နိုင်ငံဆီမှ ရတဲ့ လက်ဆောင်” အတွက် ကျေးဇူးတင်ကြောင်း၊ “ဒီဒေသမှာ ဒီလောက် အဆင့်မြင့်တဲ့ ဆေးကုသရေးအဆင့်နဲ့ ဒီလောက်ကောင်းမွန်တဲ့ စက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ဒေသန္တရ ဆေးရုံတစ်ခု ရှိလို့ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဆေးရုံရဲ့ ရောဂါရှာဖွေမှုနဲ့ ကုသရေး အဆင့်တွေ ပိုမြင့်လာမယ်လို့လည်း ယုံကြည်ပါတယ်” ဟု Shazia က ပြောကြားခဲ့သည်။
တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ဆေးရုံသည် လက်ရှိတွင် နေ့စဉ် လူနာ ၉၀၀ ခန့် လက်ခံကုသပေးပြီး အခြားဒေသများမှ လူနာ အများအပြားကလည်း ၎င်း၏ နာမည်ကျော်ကြားမှုကြောင့် လာရောက်ကြသည်။ ဆေးရုံဖွင့်လှစ်လိုက်ခြင်းနှင့်အမျှ ဒေသန္တရ ဆေးကုသရေးနှင့် ကျန်းမာရေး အခြေအနေများသည် အပြုသဘောဆောင်သော အပြောင်းအလဲများ ပေါ်လွင်ခဲ့ပြီး အဆိုပါဒေသတွင်း ကာကွယ်ဆေးထိုးနှံနှုန်းမှာလည်း မြင့်တက်လာခဲ့ကြောင်း ဆေးရုံဘက်က မိတ်ဆက်ပြောကြားမှုအရ သိရသည်။
တရုတ်အဖွဲ့သည် ဆေးရုံစီမံကိန်းအတွက် ၂ နှစ်တာ အရည်အသွေးအာမခံ ဝန်ဆောင်မှု ပေးထားပြီး “ဒေသခံပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ခံစားနိုင်စေဖို့ ကျွန်တော်တို့ အခုခေါ် အခုရောက်ကာ ပြုပြင်ထိန်းသိမ်းမှုတွေကို အချိန်မီ သေချာလုပ်ဆောင်ပေးပါတယ်” ဟု ဆေးရုံစီမံကိန်း၏ ပြုပြင်ထိန်းသိမ်းရေး တာဝန်ခံ လျန်ဝန်ယုံက ပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ဂွါဒါမြို့၌ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးဆေးရုံကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
“感谢来自中国的礼物”——访援巴基斯坦瓜达尔中巴友谊医院
新华社巴基斯坦瓜达尔11月2日电 新华社记者邓凯尹 邹淑华 张敬尧
在巴基斯坦西南部港口城市瓜达尔,中国援建的中巴友谊医院启用已约半年。记者近日探访这座医院,在探访中发现,现代化的医疗设备和服务让当地民众赞不绝口。
作为中巴经济走廊框架下的民生援助项目,中巴友谊医院于今年5月启用,设有急诊、门诊、住院、行政管理和后勤等功能区域,各科室门诊设置齐全。
据院长阿凡·法伊克·扎达介绍,在中巴友谊医院建成前,瓜达尔地区医疗资源十分匮乏,老医院设施简陋,诊疗手段单一,即便是最基础的身体检查,都要长途跋涉去五百多公里外的卡拉奇等大城市。“现在有了中方捐赠的设备,我们能快速、准确地诊断并及时治疗患者。”
阿凡此前曾在巴基斯坦多家知名医院工作,他告诉新华社记者,中巴友谊医院设施完备情况超乎他的想象。“CT扫描仪、X射线仪、医学实验室……我们感谢中国提供的先进设备,这对当地人来说是很大的福气。”
记者发现,虽然医院里候诊患者较多,但门诊区内整洁有序,各种设备运行良好,为保护患者隐私,诊疗室还按性别划分出不同的就诊区。
该院妇产科医生沙齐亚·阿里从业20多年,她告诉记者,中巴友谊医院配备的超声设备极大地提高了诊治准确率。医院还设有新生儿重症监护病房,各种妇产科设施也很齐全,医院启用后,本地区孕产妇死亡率和新生儿死亡率呈下降趋势。
沙齐亚说,感谢中巴友谊医院这份“来自中国的礼物”,“我很高兴本地有一所医疗水平这么高的医院,还配备这么好的设备,相信医院诊疗水平会越来越高”。
据院方介绍,中巴友谊医院目前每日接诊患者约900人次,不少外地患者慕名而来。随着医院的启用,当地医疗卫生状况显现积极变化,本地区免疫接种率呈上升趋势。
医院项目现场维保负责人廉文勇说,中方团队为医院项目提供为期两年的质保服务,“我们随叫随到,以做到及时维护和维修,让当地人民更好地享受医疗服务”。(完)
图说:2023年12月4日,中巴经济走廊框架下的民生援助项目瓜达尔港海水淡化厂和中巴友谊医院竣工仪式,在巴基斯坦西南部俾路支省瓜达尔举行。时任巴看守政府总理安瓦尔·哈克·卡卡尔在竣工仪式上致辞。新华社记者唐斌辉摄
图说:这是9月16日在巴基斯坦西南部俾路支省瓜达尔拍摄的中巴友谊医院(无人机照片)。新华社发(艾哈迈德·卡迈勒 摄)