Connect with us

Latin America

ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသော စပိန်နိုင်ငံ မြို့လေးတစ်မြို့သို့ သွားရောက်ကြည့်ရှုခြင်း

စပိန်နိုင်ငံ ဗလင်ဆီယာပြည်နယ်၌ အောက်တိုဘာ ၃၀ ရက်က မြင်တွေ့ရသော ရေကြီးရေလျှံမှုပြီးနောက် မြင်ကွင်း (ဆင်ဟွာ)

ဗလင်ဆီယာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပိန်နိုင်ငံသည် လွန်ခဲ့သောရက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပြီးလက်ရှိတွင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စပိန်နိုင်ငံ အရှေ့ပိုင်းရှိ ဗလင်ဆီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Alfafar မြို့လေးသို့ မကြာသေးမီရက်က သတင်းထောက်များက သွားရောက်ကြည့်ရှုခဲ့ရာ ထိုဒေသရှိ အဆောက်အအုံနှင့် မော်တော်ယာဉ် အများအပြားမှာ ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရပြီး ဆိုးရွားစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Alfafar မြို့လေးသည် ဗလင်ဆီယာမြို့ မြို့အစွန်အဖျားတွင်တည်ရှိပြီး ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် နေရာဖြစ်သည်။ သတင်းထောက်များ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော လမ်းများပေါ်၌ ထူထပ်သော ရွှံ့နုန်းများ ဖုံးလွှမ်းနေပြီး ဈေးဆိုင်နှင့် နေအိမ် အများအပြားတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို ရေကြီးရေလျှံစဉ် ရေစိမ်ထားခံရသည့် ကားများသည်လည်း လမ်းမပေါ်တွင် ကိုးလို့ကန့်လန့် ရပ်ထားပြီး တစ်ချို့ကားများမှာ စုပုံထပ်နေသည်ကို တွေ့ခဲ့ရသည်။
Diego ဆိုသူသည် မြို့ငယ်လေးတွင် အရက်ဘားဆိုင်တစ်ခုဖွင့်ထားသည်။ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် “ကျွန်တော်တို့ ဒီမှာ မိုးသိပ်မရွာဘူး လေပြင်းပဲတိုက်ခဲ့တယ်” ၊ ယင်းမှာ မိုးလေဝသဌာနက ထုတ်ပြန်ထားသည့် သတိပေးချက်များကို လူအများအား လျစ်လျူရှုခဲ့ကြောင်း ၎င်းက သတင်းထောက်အား ပြောပြခဲ့သည်။
ပထဝီဝင်အနေအထားကြောင့် Alfafar မြို့လေး အနီးတစ်ဝိုက်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်သော ရေလျှံမှုက ၎င်းမြို့လေးကို ထိခိုက်စေခဲ့သည်။ အောက်တိုဘာ ၂၉ ရက် ညနေ ၆း၃၀ နာရီခန့်တွင် လူအများအပြား အလုပ်ဆင်းချိန် အိမ်အပြန်လမ်းတွင် ရေများ စုဝေးလာသည်ကို တွေ့ရှိခဲ့ရပြီး ရေမျက်နှာပြင်သည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ “ရေတက်လာတာ အရမ်းမြန်တဲ့အတွက် လူတော်တော်များများက တုံ့ပြန်ဖို့ အချိန်တောင်မရဘဲ ကားထဲမှာတင် ပိတ်မိသွားတယ်” ဟု ၎င်းမြို့ခံ Anna Utterstrom က ပြောသည်။
ထိုမြို့လေးပေါ်ရှိ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွင် အလုပ်လုပ်သည့် Utterstrom က အဆိုပါညတွင် ဆိုင်အတွင်းသို့ လူပေါင်း ၃၀၀ ကျော် လာရောက်ခိုလှုံခဲ့ရာ “အဲဒီအချိန်တုန်းက အခြေအနေက အလွန်ရှုပ်ထွေး”နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်ချောက်ချားမှုများနှင့် ပြည့်နှက်နေကြောင်း သတင်းထောက်အား ပြောပြခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ဒေသတွင်းရှိ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ပြီး လမ်းမကြီး အများအပြား၏ လမ်းပန်းဆက်သွယ်ရေးကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ စက်တင်ဘာ ၁ ရက်အထိ ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများသို့ ခြေလျင်သာ သွားရောက်နိုင်ကြောင်း၊ မြို့တော် မက်ဒရစ်နှင့် ဘာစီလိုနာမြို့တို့မှ ဗလင်ဆီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်သော အမြန်ရထား ပြေးဆွဲမှုများကို ယာယီပိတ်ထားကြောင်း သိရသည်။ အမြန်ရထားသည် ရက်သတ္တပတ် ၂ ပတ်အတွင်း ပြန်လည်ပြေးဆွဲရန် မျှော်လင့်ချက်ရှိသော်လည်း မြို့အစွန်အဖျားရှိ ရထားလိုင်းများ မည်သည့်အချိန် ပြန်လည်ပြေးဆွဲနိုင်မည်ကို လတ်တလော ခန့်မှန်းရန် ခက်ခဲနေသေးကြောင်း စပိန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Oscar Puente က ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ထို‌မြို့လေးရှိ အချို့စူပါမားကတ်၊ စတိုးဆိုင်၏ ကုန်ပစ္စည်းများနှင့် အချို့ဒေသခံတို့၏ နေအိမ်တွင်း ပစ္စည်းဥစ္စာများ ခိုးယူလုယက်ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် ကယ်ဆယ်ရေးအင်အားများ ဝင်ရောက်လာချိန်တွင်မူ လူမှုစနစ် ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။
သဘာဝဘေးသင့်ဒေသတွင် နေထိုင်သူအချို့သည် ရွှံ့နုန်းများကို သန့်ရှင်းခြင်း၊ ပျက်စီးသွားသော အဆောက်အအုံများနှင့် အထောက်အပံ့အဆောက်အအုံများကို ပြုပြင်ခြင်းများ စတင်လုပ်ဆောင်နေသည်ကို သတင်းထောက်က ထိုဒေသတွင် မြင်တွေ့ခဲ့သည်။ အနီးပတ်ဝန်းကျင်မှ စေတနာ့ဝန်ထမ်းများကလည်း ကပ်ဘေးသင့်ဒေသများသို့ သွားရောက်၍ အကူအညီများ ပေးအပ်ခဲ့ကြကြောင်း၊ စပိန်နိုင်ငံရှိ နယ်ပယ်ပေါင်းစုံကလည်း ကပ်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လှူဒါန်းကူညီရေး လှုပ်ရှားမှုများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာ ၃၁ ရက် သန်းခေါင်းယံ ၁၂း၀၀ နာရီမှ နိုဝင်ဘာ ၂ ရက်အထိ တစ်နိုင်ငံလုံး၌ ၃ ရက်ကြာ တရားဝင် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ခဲ့ကြောင်း စပိန်နိုင်ငံ အစိုးရက ကြေညာခဲ့သည်။ အဆိုပါနေ့ နံနက်ပိုင်းအထိ ရေကြီးရေလျှံမှုတွင် သေဆုံးသူဦးရေ ၂၁၁ ဦးအထိ မြင့်တက်လာကြောင်း စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဗလင်ဆီယာပြည်နယ်၌ လမ်းများပေါ်တွင် သန့်ရှင်းရေး ပြုလုပ်နေကြသူများကို နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
探访洪灾过后的西班牙小镇
新华社西班牙巴伦西亚11月3日电(巴勃罗·莫拉诺)受强降雨影响,西班牙过去几天遭遇数十年来最严重洪灾,目前已有超过200人丧生。记者近日探访西班牙东部巴伦西亚自治区阿尔法法尔镇,当地大量建筑和车辆被洪水淹没,损失严重。
阿尔法法尔镇位于巴伦西亚市市郊,那里是此次洪灾重灾区。记者抵达后发现,洪水退去的街道覆盖了一层厚厚的淤泥,大量店铺和民居出现不同程度的损毁,路面上歪七扭八地停着被洪水泡过的汽车,有的车甚至堆叠在一起。
迭戈在小镇经营一家酒吧。他告诉记者,10月29日洪水来袭当天,“我们这里没怎么下雨,只是刮起大风”,这让许多人忽略了气象部门发布的警告。
受地形地势影响,阿尔法法尔镇周边地区强降雨形成的积水波及这座小镇。29日晚6点半左右,许多人在下班回家的路上发现路面开始出现积水,且水位迅速上涨。“洪水来得非常快,很多人甚至没时间做出反应,便被困在车里。”小镇居民安娜·乌特斯特罗姆说。
乌特斯特罗姆在镇上一个家居店工作,她告诉记者,当晚有300多人来店里避难,“当时的情形非常混乱”,每个人的脸上都写满恐惧不安。
洪水让当地供电供水和通信一度中断,多条公路通行受到影响,截至11月1日,仍有部分受灾严重地区只能步行抵达。首都马德里和巴塞罗那通往巴伦西亚自治区的高铁暂停运营。西班牙交通大臣奥斯卡·普恩特说,高铁线路有望在两周内恢复通行,但近郊铁路线何时恢复通车暂时难以估计。
洪灾发生后,当地一些超市、店铺的商品和一些民居内的财物遭洗劫。随着警方和军队救灾力量进驻,社会秩序有所恢复。
记者在当地看到,一些灾区居民开始着手清理淤泥、修复受损建筑和设施。周边地区的志愿者也前往灾区援助。西班牙社会各界还为灾区民众发起捐助活动。
西班牙政府宣布,从10月31日零时至11月2日,全国举行为期三天的官方哀悼。西班牙首相佩德罗·桑切斯2日说,截至当天上午,洪灾遇难人数已升至211人。
图说1:这是10月30日在西班牙巴伦西亚省拍摄的洪灾过后的景象。新华社发(巴勃罗·莫拉诺摄)
图说2:11月1日,在西班牙巴伦西亚省,人们在街道上进行清理工作。新华社发(巴勃罗·莫拉诺摄)