Connect with us

Economy

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း၊ ဧည့်ဝန်ဆောင်မှုကဏ္ဍကို မြှင့်တင်ရန် တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့သည့် သင်တန်းများ စတင်ဖွင့်လှစ်

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုနယ်ပယ် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့်အတူ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုလာရောက်ရေး ဈေးကွက်မြှင့်တင်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွက် အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မှ ငွေကြေး ထောက်ပံ့မှုဖြင့် မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ၎င်း၏မိတ်ဖက်အသင်းများမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းများအတွက် လိုအပ်သော ကြီးကြပ်လမ်းညွှန်မှုနှင့် သင်တန်းခန်းမနေရာများအား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အခမ်းအနား၌ ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်နယ်ပယ်အတွက် သင်တန်း ၃ မျိုး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း ၄ မျိုးအပါအဝင် စုစုပေါင်း သင်တန်း ၇ မျိုးအား ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန၏ သင်တန်းခန်းမနေရာများတွင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစားအစာ ချက်ပြုတ်ထုတ်လုပ်ရေး သင်တန်းအနေနှင့် တရုတ်အစားအစာကို အဓိကအဖြစ် ထည့်သွင်းဖွင့်လှစ် ထားပြီး ယင်းသင်တန်းများကို ပါဝင်တက်ရောက်ခြင်းအားဖြင့် ဟိုတယ်များအနေဖြင့် တရုတ်နိုင်ငံသား ဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အထောက်အပံ့ဖြစ်သကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် တာဝန်ထမ်း‌ဆောင်နေသည့် ဝန်ထမ်းများ၏ အရည်အသွေးများ ပိုမိုကောင်းမွန်စေရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။

သင်တန်းများအား စီစဉ်ပြုလုပ်ပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအား ကျေးဇူးတင် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက သင်တန်း စီစဉ်ကျင်းပရသည့် ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွင် ဝန်ဆောင်မှုအရည်အသွေး အဆင့်အတန်း မြင့်မားစေရေးနှင့် ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၌ တရုတ်ခရီးသွားဈေးကွက်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ထိပ်တန်းပံ့ပိုးသူများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးထားပြီး ၎င်းတို့အတွက် ရင်းနှီးကျွမ်းဝင် ဖြစ်စေသည့် ခရီးစဉ်များကိုလည်း စီစဉ်ပေးထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အဆိုအရ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းသုံးခုမှာ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ဒစ်ဂျစ်တယ်နည်းပညာ စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ ဧည့်လမ်းညွှန်အသစ်များအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း၊ ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းတို့ဖြစ်သည်။ ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း လေးခုမှာ ဟိုတယ် ဧည့်ကြိုဝန်ဆောင်မှု (အခြေခံ) သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး (အခြေခံ) သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ တည်ခင်းဧည့်ခံ ကျွေးမွေးရေး (အခြေခံ) သင်တန်းနှင့် တရုတ်အစားအစာ ချက်ပြုတ်ထုတ်လုပ်ရေး (အခြေခံ) သင်တန်းတို့ ဖြစ်သည်။အဆိုပါ သင်တန်းအများစုကို နိုဝင်ဘာလတွင် ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)
——————————-
Myanmar launches China-funded training to boost hospitality sector
YANGON, Nov. 4 (Xinhua) — An event to launch training programs for the tourism and hospitality sector in Myanmar, along with a seminar on further attracting Chinese tourists to Myanmar, was held here on Monday.
The tourism and hospitality training, funded by China Foundation for Rural Development (CFRD), are organized by Myanmar Tourism Federation and its partner associations.
Speaking at the launching event, Union Minister for Hotels and Tourism Thet Thet Khine said her ministry has provided necessary guidance and campuses for the courses.
Seven courses in total, including three for tourism and four for hospitality, will be offered at the ministry’s campuses in Yangon.
As one of the courses is Chinese food preparation training, it will help hotel staff provide better services for Chinese tourists, the union minister said, adding that they also aim to promote skills development for the ministry’s staff.
She expressed gratitude to the CFRD, Myanmar Tourism Federation and related associations for organizing the courses.
U Yan Win, president of Myanmar Tourism Federation, said the purpose of the training is to improve service quality in the tourism and hospitality industry, and the seminar aims to enhance the Chinese tourism market in Myanmar.
Chinese tourists are one of the top contributors to the industry in Myanmar. Therefore, visas on arrival are provided for Chinese visitors, and familiarization trips for them were also organized, he added.
According to the ministry, the three courses for tourism are digital skills for tourism professionals, skills development for new tour guides, and tour operator and travel operation training, while four courses for hospitality are basic courses for hotel front office operations, housekeeping, food and beverage services, and food and beverage preparation for Chinese cuisine.
Most of the courses are scheduled to be conducted in November, according to the ministry. ■
Photo 1 – Participants pose for a group photo during an event to launch training programs for the tourism and hospitality sector in Myanmar, along with a seminar on further attracting Chinese tourists to Myanmar, in Yangon, Myanmar, Nov. 4, 2024. (Xinhua/Myo Kyaw Soe)