Connect with us

Economy

မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းအတွက် တရုတ်ဘာသာစကားပြော သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံ နေပြည်တော်၌ နိုဝင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်သည့် တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲအား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တရုတ်ဘာသာစကားပြော HSK-II သင်တန်းအား နေပြည်တော်၌ နိုဝင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုကို အဓိကထား ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် လာရောက်လည်ပတ်ကြသည့် ခရီးသည်များကို ၎င်းတို့၏ ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ယခုဘာသာစကားသင်တန်းကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြပြီး ဝန်ကြီးဌာနမှအားကိုး အားထားပြုရသော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ဝန်ကြီးဌာနအစီအစဉ်ဖြင့် တရုတ်ဘာသာစကား ပြောသင်တန်းများအပြင် အင်္ဂလိပ်၊ ရုရှား၊ဂျပန်၊ ကိုရီးယားနှင့် ထိုင်း အစရှိသည့် ဘာသာစကားသင်တန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက် ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်ဘာသာစကားပြော HSK-II သင်တန်းကာလအား နှစ်လကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Myanmar launches Chinese language training for tourism
YANGON, Nov. 20 (Xinhua) — Myanmar’s Ministry of Hotels and Tourism launched a Chinese language HSK-II training in Nay Pyi Taw on Tuesday, the official daily The Global New Light of Myanmar reported on Wednesday.
During the event, Union Minister for Hotels and Tourism Thet Thet Khine highlighted that the tourism industry is a service-oriented business, and it is important to be able to communicate with tourists in their languages, the report said.
The minister encouraged trainees to study hard and become reliable employees for the ministry, it added.
Besides Chinese language courses, the ministry is also offering language courses nationwide in English, Russian, Japanese, Korean and Thai, the report said.
The training will last two months, the report said. Enditem