Connect with us

Myanmar

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အားပေးမြှင့်တင်ရန် ACMECS ဝန်ကြီးများ သဘောတူ

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၈ ရက်၌ ပြုလုပ်သည့် ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျုဟာ (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီး အဆင့်အစည်းအဝေး သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျုဟာ (ACMECS) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်
အသွင်ကူးပြောင်းရေး အားပေးမြှင့်တင်မှုကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက် အစည်းအဝေးထံမှ သိရသည်။
၆ ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးအား မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Darany Phommavongsa က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျုဟာ (ACMECS) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွင်း ဒစ်ဂျစ်တယ်
အသွင်ကူးပြောင်းရေး အားပေးမြှင့်တင်ခြင်းက ခံနိုင်ရည်ရှိမှု၊ ရေရှည် တည်တံ့မှု၊ အရည်အသွေးကောင်းမွန်မှုနှင့် အကောင်းဆုံးယှဉ်ပြိုင်မှုတို့ကို အားကောင်းစေမည် ဖြစ်ကြောင်း Darany Phommavongsa က အစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးက အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ကြံ့ကြံ့ခံနိုင်စေရေး သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အစည်းအဝေးအတွင်း ခရီးသွားလုပ်ငန်းဝန်ကြီးများက ၂၀၂၅-၂၀၂၆ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျုဟာ (ACMECS) ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစီမံချက်သက်တမ်းတိုးခြင်းအား အတည်ပြုခဲ့ကြောင်း Darany Phommavongsa က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးက အမျိုးမျိုးသော ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲများနှင့် ပွဲတော်များ ဖန်တီးပြုလုပ်ခြင်း၊ အားပေးမြှင့်တင်ခြင်းကို တိုက်တွန်းအားပေးခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ACMECS နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့က ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၄၇.၃ သန်းအား ဆွဲဆောင်နိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ (Xinhua)
………………………….
(English Version)
ACMECS ministers agree to promote digitalization for tourism development
YANGON, Nov. 28 (Xinhua) — The sixth Meeting of Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Tourism Ministers on Thursday reached a consensus on prioritizing the promotion of digitalization for tourism development.
The meeting was held in Yangon, Myanmar and chaired by Darany Phommavongsa, Lao deputy minister of information, culture and tourism.
At a press conference on Thursday, Darany said the promotion of digitalization within ACMECS tourism development would help strengthen resilience, sustainability, quality and excellent competition.
She said the meeting has emphasized the importance of forging closer collaboration among the ASEAN (Association of Southeast Asian Nations) member states in all relevant sectors to ensure the sustainability and resilience of ASEAN tourism.
The meeting also adopted the extension of the Plan of Action on ACMECS Tourism Cooperation 2025-2026, Darany said.
Furthermore, the meeting encouraged the creation and promotion of various joint tourism events and festivals, she added.
The ACMECS countries, including Cambodia, Laos, Myanmar, Thailand and Vietnam, attracted 47.3 million international travelers from January to September this year. Enditem
Photo – Representatives attend the sixth Meeting of Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Tourism Ministers Media Conference in Yangon, Myanmar, Nov. 28, 2024. (Xinhua/San Wai Aung)