Connect with us

China

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ကုန်သွယ်စီးပွား ကိစ္စရပ်များ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပွင့်လင်း၊ နက်ရှိုင်း၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်တို့ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က ဆွေးနွေးမှုမပြုလုပ်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် နှစ်ဖက်ဂရုပြုသည့် ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး ချဲ့ထွင်ရေးအတွက် ပွင့်လင်း၊ နက်ရှိုင်း၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို တောင်ကိုရီးယားနိုင်ငံတွင် မေ ၁၃ ရက်က ပြုလုပ်ခဲ့ကြသည်။
တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်မှ ဦးဆောင်သူဖြစ်သည့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်ဘက်မှ ဦးဆောင်သူဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်တို့က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော အရေးကြီး ဘုံသဘောတူညီမှုများ၏ လမ်းညွှန်ချက်အရ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို လက်ကိုင်ပြုကျင့်သုံးခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China, U.S. hold candid, in-depth, constructive exchanges in S. Korea on economic, trade issues, practical cooperation
SEOUL, May 13 (Xinhua) — The Chinese and U.S. delegations on Wednesday held candid, in-depth and constructive exchanges in South Korea on economic and trade issues of mutual concern, as well as on further expanding practical cooperation.
Chinese Vice Premier He Lifeng, also China’s lead person for China-U.S. economic and trade affairs, and U.S. lead person Treasury Secretary Scott Bessent conducted the consultations.
Guided by the important consensus reached by the two heads of state, the two sides upheld the principle of mutual respect, peaceful coexistence and win-win cooperation.
English Caption
Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, shakes hands with U.S. Treasury Secretary Scott Bessent prior to their consultations in South Korea, May 13, 2026. (Xinhua/Zhang Xiaoyu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.