International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— လီဗာပူးလ်က မန်စီးတီးအား အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ၉ မှတ်ဖြတ်၍ ဦးဆောင်
ဒီဇင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဥ်တွင် လီဗာပူးလ်အသင်းက အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး၌ ၉ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။ မန်စီးတီးအသင်းမှာမူ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးပြိုင်ပွဲ၌ လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ကာ အဆင့်-၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။
ပွဲချိန် ၁၂ မိနစ်တွင် ကိုဒီဂတ်ပိုက မိုဟာမက်ဆာလာ၏ ဖန်တီးမှုမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၇၈ မိနစ်တွင် လူးဝစ္စ ဒီယက်ဇ်ကြောင့် ရရှိခဲ့သည့် ပင်နယ်တီအား မိုဟာမက်ဆာလာက အမှားအယွင်းမရှိ ကန်သွင်းယူကာ ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
…..
— ဗယ်လာဒိုးလစ်အသင်းနည်းပြ ပက်ဇိုလာနို ရာထူးမှထုတ်ပယ်ခံရ
နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဥ်တွင် အက်သလက်တီကို မက်ဒရစ်အသင်းအား အိမ်ကွင်း၌ ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းနည်းပြ ပေါလ်ပက်ဇိုလာနိုသည် ရာထူးမှထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
ပက်ဇိုလာနိုအနေဖြင့် ယခုဘောလုံးရာသီ၌ ဗယ်လာဒိုးလစ်အသင်းအား ၁၅ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ၉ မှတ်သာ ရရှိခဲ့ပြီး ဗယ်လာဒိုးလစ်အသင်းမှာ အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။
…..
— ပေကျင်း၌ကျင်းပသည့် ISU Speed Skating World Cup ပြိုင်ပွဲတွင် ဂျော်ဒန်စတိုးဇ် ရွှေတံဆိပ်လေးခု ဆွတ်ခူး
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ National Speed Skating Oval စကိတ်ကွင်း၌ ကျင်းပခဲ့သည့် ISU Speed Skating World Cup ပြိုင်ပွဲမှာ ဒီဇင်ဘာ ၁ ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ အမေရိကန် ပါရမီရှင် စကိတ်စီးသမား ဂျော်ဒန်စတိုးဇ်က အကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်တိုက်ပြသခဲ့ပြီး တစ်ဦးချင်းရွှေတံဆိပ်ဆု လေးခုအား ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)
…………………………….
(English Version)
Liverpool beats Man City to go 9 clear in Premier League
Liverpool moved nine points clear at the top of the Premier League on Sunday after a 2-0 win at home to Manchester City, who slips to fifth in the table after suffering four consecutive league defeats for the first time since 2008.
Mohamed Salah set up Cody Gakpo for the opening goal in the 12th minute with a cross that evaded everyone for the Dutch forward to finish at the far post. Luis Diaz got clear between Kyle Walker and Stefan Ortega and after the goalkeeper brought Diaz down, Salah made no mistake from the penalty spot.
…..
La Liga’s bottom side Valladolid sacks coach Pezzolano
La Liga struggler Real Valladolid has sacked coach Paul Pezzolano in the wake of its 5-0 thrashing at home to Atletico Madrid on Saturday night.
Pezzolano leaves with Valladolid rooted to the bottom of La Liga with just nine points from its first 15 games this season.
…..
Stolz extends winning streak with four golds at ISU Speed Skating World Cup in Beijing
American prodigy Jordan Stolz repeated his feat of winning four individual gold medals as the ISU Speed Skating World Cup concluded at the National Speed Skating Oval here on Sunday.