Connect with us

Science & Technology

မြန်မာနိုင်ငံမှ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်အရ နှစ်စဉ် ကြေညာချက် ပြုလုပ်နိုင်ရေး လုပ်ထုံး လုပ်နည်း များနှင့် အညီ ဆောင်ရွက်လျက်ရှိ

၁၉၉၃ ခုနှစ်တွင် ကျင်းပသော ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ် လက်မှတ်ထိုးပွဲ အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-UN)

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ဓာတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ် (CWC) အရ နှစ်စဉ် ကြေညာချက် (Annual Declaration) ပြုလုပ်နိုင်ရေး အတွက် လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

ယခုအခါ တားမြစ် ကန့်သတ်ထားသော ဓာတုပစ္စည်း ဇယား Schedule Chemicals များအနက် Schedule 1 Chemicals စာရင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ထံမှ လက်ခံရရှိပြီး ဓာတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အဖွဲ့အစည်း (Organization for the Prohibition of Chemical Weapons-OPCW) ထံသို့ပေးပို့နိုင်ရေး ၊ Schedule 2 နှင့် Schedule 3 ၏ ပုံစံများ ကိုလည်း ဖြည့်သွင်းပြီး OPCW အဖွဲ့အစည်း ထံသို့အကြောင်းကြားနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အချိန်မီ ပေးပို့စေလိုပါကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ယမန်နေ့က ပြုလုပ်သော ဓာတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အဖွဲ့ဝင်များ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ဓာတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အဖွဲ့အစည်း (OPCW) က စစ်ဆေးရေး Inspection နှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးမည့် စစ်ဆေးရေး အဖွဲ့ဝင်များ၏ စာရင်းကိုလည်း လက်ခံရရှိပြီး ဖြစ်ကြောင်း ၊ OPCW မှ လာရောက် စစ်ဆေးသည့် အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ကနဦး ကြေညာချက် (Initial Declaration) နှင့် နှစ်စဉ် ကြေညာချက် (Annual Declaration) မှ ဖော်ပြထားသည့် အတိုင်း စစ်ဆေး ခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ဓာတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ် (Chemical Weapons Convention-CWC)ကို ၁၉၉၃ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် စာချုပ်တွင် အတည်ပြု ပါဝင် လာခဲ့ သဖြင့် မြန်မာနိုင်ငံ အနေဖြင့် ၁၉၁ နိုင်ငံမြောက် စာချုပ်ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းစာချုပ်အရ ဓာတု လက်နက်များ အသုံးပြုခြင်း ၊ ထုတ်လုပ်ခြင်း ၊ အဆင့်မြှင့်တင်ခြင်း ၊ ပိုင်ဆိုင်ခြင်း ၊ စုဆောင်းခြင်းနှင့် လွှဲပြောင်းခြင်း ကို တင်းကျပ်စွာ တားမြစ်ထားလျက် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စုပုံနေသော ဓာတု လက်နက် များနှင့် ဆက်စပ် ထုတ်လုပ်ထားသော ပစ္စည်းများ ၊ ဟောင်းနွမ်း နေသော ဓာတု လက်နက်များကို ဖျက်ဆီးရန် နှင့် ပွင့်ပွင့် လင်းလင်း ကြေညာ သွားရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117