Business
၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ရန်ကုန်မြို့၌ ကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲအား ရန်ကုန်မြို့၌ ဒီဇင်ဘာ ၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကုန်စည်ပြပွဲအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar (CTGA) တို့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပြပွဲက တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသခဲ့ကြောင်း သိရသည်။
ထို့အပြင် Made in Myanmar ထုတ်ကုန်များဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသထားပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် Korea Garment Association in Myanmar (KOGAM) နှင့် Hong Kong Myanmar Manufacturers’ Association Limited (HKMMA) တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
2024 Myanmar International Textile and Machinery Fair kicks off in Yangon
YANGON, Dec. 6 (Xinhua) — The 2024 Myanmar International Textile and Machinery Fair kicked off in Yangon on Friday.
The event was organized by the Chinese Textile & Garment Association in Myanmar (CTGA) in collaboration with the Myanmar Garment Manufacturers Association (MGMA).
The aim of this event is to make long-term potential business cooperation, strengthen economic ties between Myanmar, China and ASEAN countries, according to the MGMA.
20 Chinese brands and over 100 manufacturers of textile and apparel, shoes and bags from China displayed their products in the Expo, it said.
In addition, the event highlighted Made in Myanmar products, including clothing, accessories, shoes and domestic bags from small and medium enterprises (SMEs), with the aim of promoting and introducing these locally produced goods, it added.
The Korea Garment Association in Myanmar (KOGAM) and Hong Kong Myanmar Manufacturers’ Association Limited (HKMMA) also participated in this fair, the MGMA said.
The three-day expo will run until December 8, it added. Enditem