China
ဆောင်းခိုရန် မန်ချူးရီးယားကြိုးကြာ (Red- crowned crane) အများအပြား ယန်ချိန်မြို့သို့ ပျံသန်းလာကြ
ယန်ချိန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
လက်ရှိတွင် ဆောင်းခိုရန် ကျန်းဆူးပြည်နယ် ယန်ချိန်မြို့ စိမ့်မြေ ရှားပါးငှက် နိုင်ငံအဆင့် သဘာဝဘေးမဲ့ဇုန်သို့ မန်ချူးရီးယားကြိုးကြာ (Red- crowned crane) အများအပြား ပျံသန်းရောက်ရှိလာသည်။ အဆိုပါ သဘာဝဘေးမဲ့ဇုန်သည် ပင်လယ်ဝါ ကမ်းရိုးတန်းတွင် တည်ရှိပြီး ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းငှက်များ ဖြတ်သန်းရာ လမ်းကြောင်း ကိုးခုအနက်မှ တစ်ခုဖြစ်သည့် “အရှေ့အာရှ-သြစတေးလျ” လမ်းကြောင်းပေါ်ရှိ အရေးကြီးသော စခန်းတစ်ခုဖြစ်ရာ နှစ်စဉ် တောရိုင်း မန်ချူးရီးယားကြိုးကြာ အကောင်ရေ ၆၀၀ ကျော် ဤနေရာသို့ လာရောက်၍ ဆောင်းခိုလျက်ရှိကြသည်။ (Xinhua)
……………………………..
(Chinese Version)
大批丹顶鹤飞抵盐城越冬
盐城(江苏),2024年12月15日
目前,大批丹顶鹤飞抵江苏盐城湿地珍禽国家级自然保护区越冬。该保护区位于黄海之滨,是全球9条候鸟迁飞通道之一的“东亚-澳大利西亚”路线上的重要一站,每年都有超过600只野生丹顶鹤来这里越冬。
图说1:12月15日,丹顶鹤在江苏盐城湿地珍禽国家级自然保护区内栖息觅食。新华社发(汤德宏摄)
图说2:12月15日,丹顶鹤在江苏盐城湿地珍禽国家级自然保护区内飞翔。新华社发(汤德宏摄)