Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဂိုးမြူးခဲ့သည့် လီဗာပူးလ်-တော့တင်ဟမ် ပွဲစဥ်တွင် လီဗာပူးလ်က ၆ ဂိုးအထိ သွင်းယူ
ဒီဇင်ဘာ ၂၂ ရက်က Tottenham Stadium ၌ ယှဥ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး လီဗာပူးလ်က ၆-၃ ဂိုးဖြင့် အ‌ဝေးကွင်း၌ အနိုင်ရရှိခဲ့သည်။
တော့တင်ဟမ်၏ မတည်ငြိမ်သော ခံစစ်ကစားပုံက ယခုပွဲစဥ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ဖျော်ဖြေမှုပေးနိုင်သော ပွဲစဥ်တစ်ပွဲ ဖြစ်စေခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် လူးဝစ် ဒီယက်ဇ်၊ ပွဲချိန် ၃၆ မိနစ်တွင် အလက်ဆစ် မက်အယ်လစ်စတာတို့က လီဗာပူးလ်အတွက် ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာ၏ ဘောလုံးပေးပို့မှု မသေသပ်မှုကို ဂျိမ်းစ်မက်ဒီဆင်က အခွင့်ကောင်းယူ၍ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း မိုဟာမက် ဆာလာ၏ ဖန်တီးမှုမှတစ်ဆင့် ဒေါမနစ် ဆိုဘော့စ်ဆလိုင်က ပထမပိုင်း နာကျင်အချိန်ပို၌ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် ဆာလာက ဒုတိယပိုင်းတွင် ကိုယ်တိုင် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် လီဗာပူးလ်က ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့သည်။
ပွဲချိန် ၇၂ မိနစ်နှင့် ၈၃ မိနစ်တွင် ဒီဂျန် ကူလူဆက်စကီးနှင့် ဒေါမနစ် ဆိုလန်ကီတို့က တော့တင်ဟမ်အတွက် ချေပဂိုးများ သွင်းယူခဲ့ခြင်းကြောင့် အနည်းငယ် မျှော်လင့်ချက်ရှိလာသော်လည်း လီဗာပူးလ်အသင်းမှ ဒီယက်ဇ်က ယခုပွဲစဥ်၌ ၎င်း၏ ဒုတိယမြောက်ဂိုးနှင့် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူခဲ့သဖြင့် လီဗာပူးလ်က ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ၂၀၂၄ ခုနှစ်၏ နောက်ဆုံး လာလီဂါပွဲစဥ်အပြီးတွင် အက်သလက်တီကိုနှင့် ရီးရဲလ်မက်ဒရစ်တို့ အဆင့်-၁ နှင့် အဆင့်-၂ သို့ ရောက်ရှိလာ
စပိန်လာလီဂါတွင် အက်သလက်တီကို မက်ဒရစ်က နာကျင်အချိန်ပို ၆ မိနစ်၌ အလက်ဇန်းဒါး ဆော်လော့၏ ဘယ်ခြေဖြင့် သွင်းယူခဲ့သည့် အနိုင်ဂိုးကြောင့် ဘာစီလိုနာအား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ယူကာ နှစ်ကုန်တွင် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းကလည်း အိမ်ကွင်း၌ ဆီဗီလာအား ၄-၂ ဂိုးဖြင့် အနိုင်ယူကာ ဘာစီလိုနာကို ကျော်တက်၍ အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
ရီးရဲလ်အသင်းက ဆီဗီလာထက် ကစားပုံ သိသိသာသာ ပိုမိုလျင်မြန်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ကီလီယန် အမ်ဘာပေက ဂိုးဧရိယာအစပ်နားမှ သေသေသပ်သပ် ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သလို ၁၀ မိနစ်အကြာတွင် ဖက်ဒရီကို ဗယ်လ်ဗာဒီက အဝေးကန်ချက်ဖြင့် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ပွဲချိန် ၃၄ မိနစ်တွင် ညာခြမ်းမှ အနေတော်ပေးပို့မှုမှတစ်ဆင့် ရိုဒရီဂိုက တတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အီဆက် ရိုမဲရိုးက တစ်မိနစ်အကြာတွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ဘရာဟင် ဒီယက်ဇ်က ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၈ မိနစ်အကြာတွင် ရီးရဲလ်အတွက် အနိုင်သေချာစေမည့်ဂိုးအား သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန်နှောင်းပိုင်းတွင် ဒိုဒီ လူကီဘာကီယိုက ဆီဗီလာအတွက် ဒုတိယချေပဂိုး သွင်းယူခဲ့သည်။
…..
— Next Gen ATP Finals တင်းနစ်ပြိုင်ပွဲတွင် ဘရာဇီးမှ ဂျာအို ဖွန်ဆေကာ အနိုင်ရဗိုလ်စွဲ
ဒီဇင်ဘာ ၂၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ကျင်းပခဲ့သည့် Next Gen ATP Finals တင်းနစ်ပြိုင်ပွဲတွင် ဘရာဇီးမှ ဂျာအို ဖွန်ဆေကာက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ဖွန်ဆေကာမှာ အကောင်းဆုံး ရက်သတ္တပတ်ကို ဖန်တီးနိုင်ခဲ့ပြီး အသက် ၂၀ အောက် အကောင်းဆုံး တင်းနစ်ကစားသမားများအတွက် ရာသီပိတ်ပြိုင်ပွဲဖြစ်သည့် Next Gen ATP Finals တွင် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့သည်။ King Abdullah Sports City အားကစားကွင်း၌ ယှဥ်ပြိုင်ခဲ့သည့် ချန်ပီယံလုပွဲတွင် ဖွန်ဆေကာက အမေရိကန်မှ လန်နာတီယန်အား ၂-၄၊ ၄-၃ (၈)၊ ၄-၀၊ ၄-၂ ဖြင့် အကြိတ်အနယ်ယှဥ်ပြိုင် အနိုင်ယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်လာခဲ့သည်။ (Xinhua)


…………………………..
(English Version)
Liverpool hits six in Spurs goal fest in Premier League
Liverpool extended its lead at the top of the Premier League on Sunday after a thrilling 6-3 win away to Tottenham at the Tottenham Stadium.
Tottenham’s erratic defensive displays always promised to make an entertaining match, and it proved with Luis Diaz nodding Liverpool ahead after 23 minutes, with Alexis Mac Allister doubling the lead in the 36th minute.
A poor pass out of defense from goalkeeper Alisson Becker gave James Maddison the chance to get Spurs back into the match, but Mohamed Salah set up Dominik Szoboszlai to make it 3-1 in injury time before scoring two goals himself after the break to apparently seal the game.
Dejan Kulusevski and Dominic Solanke gave Tottenham brief hope with goals after 72 and 83 minutes, but Diaz’s second goal of the match made an incredible game 6-3.
…..
Atletico Madrid goes top, Real moves second in last La Liga round of 2024
Atletico Madrid ends the year as leader in La Liga after Alexander Sorloth’s left-foot finish in the sixth minute of injury time saw it win 2-1 away to FC Barcelona.
Real Madrid also moved above Barcelona and end the year in second place after a 4-2 win at home to Sevilla.
Madrid came out of the blocks much faster than Sevilla and went ahead in the 10th minute through Kylian Mbappe’s excellent goal from the edge of the area, with Federico Valverde doubling the lead 10 minutes later with another long-range effort.
Rodrygo made it 3-0 after a good pullback from the right in the 34th minute and although Isaac Romero pulled a goal back a minute later, Brahim Diaz assured the win eight minutes after halftime. Dodi Lukebakio netted Sevilla’s second goal in the closing minutes.
…..
Brazil’s Fonseca wins Next Gen ATP Finals in Jeddah
Brazil’s Joao Fonseca claimed the Next Gen ATP Finals title in Jeddah on Sunday.
Fonseca, 18, delivered a perfect week to lift the trophy at the season-ending event for the best players aged 20 and under. He rallied past American Learner Tien 2-4, 4-3 (8), 4-0, 4-2 in the championship match at King Abdullah Sports City, becoming the second-youngest winner in the event’s history.