Connect with us

Media

မြန်မာနိုင်ငံ ပုဂံမြို့သို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၃.၄ သန်းခန့် လာရောက်လည်ပတ်

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းမြို့သို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၃.၄ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၉ ရက်၌ ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း ပုဂံသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၃ ခုနှစ်က ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည်အရေအတွက် ၂.၄ သန်းနှင့် နှိုင်းယှဉ်ပါက များပြားလာကြောင်း ၎င်းက ဆိုသည်။
ပုဂံဒေသသည် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝပြီး ရှေးဟောင်းစေတီပုထိုး အမြောက်အမြားတည်ရှိကာ အံ့မခန်းဖွယ် မြေယာရှုခင်းများကြောင့် နာမည်ကျော်ကြားကြောင်း အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။
သယ်ယူပို့ဆောင်ရေးကောင်းမွန်ခြင်း၊ ရာသီဥတုသင့်တင့်မျှတခြင်းနှင့် ပုဂံဒေသ၏ ဆွဲဆောင်မှုရှိခြင်းတို့က ပုဂံမြို့သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် ဆွဲ‌ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှေးဟောင်း ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း အမြောက်အမြား တည်ရှိသော ပုဂံသည် ယူနက်စကို (UNESCO) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခု ဖြစ်သလို မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် ထိပ်တန်းနေရာတစ်ခုလည်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117