Connect with us

Myanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘောလုံးနှင့် ဖူဆယ်အားကစားနည်း၌ အမျိုးသား/အမျိုးသမီး ပွဲစဉ် အားလုံး ပါဝင်မည်ဖြစ်
(၆/၂/၂၀၂၅- MRTV)

-ကချင်ပြည်နယ်၊ ဧရာဝတီမြစ် ရေလယ်ကျွန်း သဲသောင်ခုံပေါ်၌ တောငန်းခေါင်းကျားကောင်ရေ (၄၀၀) ကျော် အုပ်စုလိုက် လာရောက် ကျက်စားနေထိုင်လျက်ရှိ (၆/၂/၂၀၂၅- MRTV)

-(၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ယခုလ (၁၂) ရက်နေ့မှ (၁၅) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် (၆/၂/၂၀၂၅- MRTV)

-ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂံမြို့ဟောင်း သရပါတံခါးအား ခေတ္တပိတ်ထားမည်ဖြစ် (၆/၂/၂၀၂၅- MRTV)

-လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၆) ခုရှိ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများနှင့် ရေဘေးသင့် အလုပ်သမားများအား ငွေကျပ်သန်းပေါင်း (၂၆၆,၂၉၇) သန်း ထုတ်ပေးခဲ့ (၆/၂/၂၀၂၅- MRTV)

-ကြက်မောက်တောင်ဆည်နှင့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်တို့တွင် ရာသီအလိုက် ကာကွယ်ထားသော ငှက်မျိုးစိတ်များစွာ ရှင်သန်ကျက်စားလျက်ရှိ (၆/၂/၂၀၂၅- MRTV)

-မြိတ်မြို့တွင် ငွေကျပ်သိန်း(၆၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ (၆/၂/၂၀၂၅- MOI)

-နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများက တရားမဝင်သစ်များ သိမ်းဆည်းရမိ (၆/၂/၂၀၂၅- MOI)

-သမဝါယမအသင်းများမှ ဆီနေကြာများ စိုက်ပျိုးထားရှိ(၆/၂/၂၀၂၅- MOI)

-ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး(၆/၂/၂၀၂၅- MOI)

-၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာများ ပြုစုထုတ်ပြန်နိုင်ရေး အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ(၆/၂/၂၀၂၅- MOI)

-ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှုစွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၆/၂/၂၀၂၅- MOI)

-တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ (၆/၂/၂၀၂၅- MOI)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.