International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်း၏ သွင်းဂိုးများဖြင့် ဝါဒါဘရီမင်ကို ဂိုးပြတ်အနိုင်ရရှိ
ဖေဖော်ဝါရီ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ဝါဒါဘရီမင် အသင်း၏ပွဲစဉ်တွင် တိုက်စစ်မှူး ဟယ်ရီကိန်း၏ ဒုတိယပိုင်း သွင်းဂိုးနှစ်ဂိုးနှင့်အတူ ဘိုင်ယန်မြူးနစ်က ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ၍ ပွဲကိုစိုးမိုးထားသော်လည်း ပထမပိုင်းတွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ ဒုတိယပိုင်းတွင်မူ ဘိုင်ယန်က တရစပ် တိုက်စစ်ဆင် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၄၆ မိနစ်တွင် ဟယ်ရီကိန်း၏ အဝေးကန်ချက် တိုင်ထိထွက်ခဲ့သည်။ သို့သော် ၁၀ မိနစ်အကြာတွင် ဘိုင်ယန်အသင်း ရရှိလာသည့် ပင်နယ်တီကို အဆိုပါ အင်္ဂလန်တိုက်စစ်မှူးက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
ပွဲချိန် မိနစ် ၉၀ ပြည့်ရန် ၈ မိနစ်အလိုတွင် လူစားဝင်ကစားသမား လီရွိုင်း ဆာနေးက ကွန်ရက်ဒ် လိုင်မာ၏ ပေးပို့မှုမှတစ်ဆင့် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် နာကျင်အချိန်ပိုတွင် ကိန်းက ပင်နယ်တီမှတစ်ဆင့် ပွဲသိမ်းအနိုင်ဂိုး ထပ်မံသွင်းယူခဲ့သဖြင့် ဘိုင်ယန်က ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ ဟယ်ရီကိန်းအနေဖြင့် ၂၉ ကြိမ်ဆက်တိုက် ပင်နယ်တီဂိုး သွင်းယူနိုင်ခဲ့သလို ယခုဘောလုံးရာသီတွင် သွင်းဂိုး ၂၁ ဂိုး ရှိလာပြီလည်းဖြစ်သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲတွင် တရုတ်အမျိုးသား ရေခဲပြင်ဟော်ကီအသင်း ပထမဆုံးနိုင်ပွဲရရှိ
ဖေဖော်ဝါရီ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ အမျိုးသား ရေခဲပြင်ဟော်ကီပြိုင်ပွဲ အုပ်စု-A တွင် တရုတ်အသင်းက ထိုင်းအသင်းအား ၈-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူ၍ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။
တရုတ်အသင်းအနေဖြင့် အဖွင့်ပွဲစဉ်နှစ်ပွဲတွင် တောင်ကိုရီးယားနှင့် ကာဇက်စတန်တို့ကို ရှုံးနိမ့်ခဲ့သဖြင့် ယခုပွဲစဉ်တွင် အစွမ်းကုန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင်ပင် ၃-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ထို့နောက် Zhang Pengfei ၊ Zhang Zesen နှင့် Wang Jing တို့က သွင်းဂိုးများ ထပ်မံသွင်းယူခဲ့သဖြင့် ပွဲရလဒ်မှာ ၆-၀ ဂိုး ဖြစ်သွားခဲ့သည်။ နောက်ဆုံးအပိုင်းတွင်မူ Wang က ၎င်း၏ ဒုတိယဂိုးကိုလည်းကောင်း၊ Yan Juncheng က ၎င်းအတွက် ဟက်ထရစ်ဂိုးဖြစ်လာမည့် သွင်းဂိုးကိုလည်းကောင်း အသီးသီးသွင်းယူခဲ့သဖြင့် တရုတ်အသင်းက ၈ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
…..
— WTT Singapore Smash အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမားများ ချန်ပီယံဆု ဆွတ်ခူး
ဖေဖော်ဝါရီ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTT Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်လူငယ် ကစားသမားများဖြစ်သည့် Lin Shidong နှင့် Kuai Man တို့က ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
Lin နှင့် Kuai အတွဲအဖက်က အဖွင့်ပွဲတွင် ၁၁-၈ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကျန်သုံးပွဲလုံးကို ၁၁-၅၊ ၁၁-၈၊ ၁၁-၉ မှတ်ဖြင့် ဆက်တိုက်အနိုင်ယူ၍ ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ကာ နိုင်ပွဲရယူနိုင်ခဲ့သည်။
…..
— ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအပေါ် မျှော်မှန်းချက် ကြီးကြီးမားမားထားရှိကြောင်း IOC ဥက္ကဋ္ဌ ပြောကြား
အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် ဟားအယ်ပင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်က ယင်းအားကစားပြိုင်ပွဲမှာ မျှော်မှန်းထားသည်ထက်ပင် သာလွန်လိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“ကျွန်တော် တရုတ်နိုင်ငံရဲ့ ဆောင်းရာသီအားကစား ဗဟိုချက်အဖြစ် အစဉ်အဆက်တည်ရှိခဲ့တဲ့ နေရာကို ရောက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ကြီးမားတဲ့ တိုးတက်မှုတွေကို မြင်တွေ့ရသလို ခမ်းနားကြီးကျယ်တဲ့ အားကစားပြိုင်ပွဲတွေကို စီစဉ်ကျင်းပရာမှာ တရုတ်ပြည်သူတွေနဲ့ ဟားအယ်ပင်းမြို့ခံတွေရဲ့ ကျွမ်းကျင်မှုကိုလည်း သိရှိထားပါတယ်။ ဒါကြောင့်မို့ မျှော်မှန်းချက်တွေကလည်း တော်တော်လေး ကြီးမားပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် တရုတ်နိုင်ငံက အဲဒီလို ကြီးမားတဲ့ မျှော်မှန်းချက်တွေထက်သာအောင် လုပ်ပြနိုင်ပါလိမ့်မယ်” ဟု ဘတ်ချ်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(English Version)
Kane powers Bayern past Bremen in Bundesliga
Harry Kane’s second-half brace helped leaders Bayern Munich to a 3-0 win over Werder Bremen in the Bundesliga on Friday.
Bayern dominated possession but could not turn its dominance into a lead in the first half. Bayern came out with all guns blazing in the second half, with Kane hitting the crossbar with a long-range shot in the 46th minute. The England striker opened the scoring 10 minutes later when he converted a penalty for handball.
Leroy Sane doubled the lead with eight minutes to play, latching onto Konrad Laimer’s square pass moments after coming on as a substitute. Bayern made it 3-0 in stoppage time after Kane netted his 29th consecutive penalty, also his 21st goal of the season.
…..
China secures first win in men’s ice hockey at Asian Winter Games
China dominated Thailand 8-0 to clinch their first win in the men’s ice hockey Group A match at the 2025 Harbin Asian Winter Games on Friday.
After losing to South Korea and Kazakhstan in their first two games of the tournament, Chinese players played aggressively in offense, building a 3-0 lead in the first period. Zhang Pengfei, Zhang Zesen, and Wang Jing then helped the team extend the advantage to 6-0. The final period saw Wang net his second goal, while Yan Juncheng completed a hat-trick, sealing an 8-0 win for China.
…..
China’s Lin/Kuai crowned as mixed doubles champions at WTT Singapore Smash
The young Chinese duo Lin Shidong and Kuai Man claimed the mixed doubles title at the World Table Tennis (WTT) Singapore Smash on Friday.
After an 11-8 loss in the opening game, Lin and Kuai staged a comeback by winning the next three games 11-5, 11-8, and 11-9 to complete the turnaround.
…..
IOC president Bach expects high for Harbin Asian Winter Games
International Olympic Committee (IOC) President Thomas Bach, who is in Harbin attending the Asian Winter Games’ opening ceremony, told Xinhua Friday the event would exceed expectations.
Bach said, “I’m here in the traditional winter sport center of China and see the great development over the last six years, knowing about the expertise of the people of Harbin and of China, organizing great sporting events. So the expectations are very high. As I know, China will even exceed these high expectations.”