Connect with us

Myanmar

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စိတ်ပြောင်းဆေးဝါး ၆၂ ကီလိုဂရမ် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါး ကတ်တမင်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်တွင် စိတ်ပြောင်းဆေးဝါး ကတ်တမင်း ၆၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်ထုတ် ကြေးမုံသတင်းစာဖော်ပြချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေခဲ့ရာ အဆိုပါ စိတ်ပြောင်းဆေးဝါး ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်ပေါ်၌ လိုက်ပါလာသော သံသယရှိသူကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော စိတ်ပြောင်းဆေးဝါးများသည် ဒေသကာလတန်ဖိုး ကျပ် သန်း ၅၂၀ ခန့်ရှိကြောင်း၊ ၎င်းမူးယစ်ဆေးဝါးများမှာ မိုင်းဖျန်မြို့မှ မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သတင်း၌ ဖော်ပြထားသည်။
ထိုသံသယရှိသူအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
####Drugs #မြန်မာ #ကတ်ကမင်း #ရှမ်းပြည်နယ် #
…………………….
(English Version)
62 kg of drugs seized in eastern Myanmar
YANGON, Feb. 8 (Xinhua) — Myanmar authorities have seized 62 kg of ketamine in eastern Myanmar’s Shan state, state-run daily The Mirror reported on Saturday.
Acting on a tip-off, anti-narcotics police searched a vehicle in Kengtung township in eastern Shan state on Feb. 3 and seized the drugs, the report said. A suspect onboard the car was also arrested, it added.
The confiscated drugs are approximately worth 520 million kyats (about 247,619 U.S. dollars), the report said. Investigations revealed that the drugs came from Mongphen town and were intended to be transported to the Myanmar-Thailand border area in Tachileik township, it said.
The suspect has been charged under the country’s laws, and further investigations are ongoing, the report added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.