Connect with us

Business

မြန်မာနိုင်ငံ၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နေပြည်တော်တွင် စတင်ကျင်းပ

နေပြည်တော်တွင် ကျင်းပလျက်ရှိသော MSME ထုတ်ကုန်ပြပွဲအား တွေ့ရစဥ်(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲကို ဖေဖော်ဝါရီ (၁၀)ရက်မှ စတင်ပြီး နေပြည်တော်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြပွဲကို နေပြည်တော် ဥပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းအတွင်း ကျင်းပလျက်ရှိပြီး ယင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းပြပွဲသည် MSME လုပ်ငန်းများကို စျေးကွက်အခွင့်အလမ်းများချဲ့ထွင်ရေး၊ MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် ၎င်းတို့၏ လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ရန် ရည်ရွယ်ပြသခြင်းဖြစ်သည်။

ထို့ပြင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်ကို မြှင့်တင်ရန်၊ MSME ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် တိုးတက်လာစေရန်နှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးရန်လည်း ရည်ရွယ်ကြောင်းသိရသည်။

ပြပွဲတွင် အစိုးရ၀န်ကြီးဌာနများနှင့် ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများ အပါအဝင် ပြပွဲပြခန်းပေါင်း ၁၀၀ နီးပါးပြသလျက်ရှိပြီး ပြည်တွင်းထုတ်ကုန်များ ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါပြပွဲတွင် လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်၊ အထည်အလိပ်၊ ကျောက်မျက်ရတနာများ၊ စက်ယန္တရားများ၊ လက်မှုပညာမလက်ရာများ၊ ဒေသဆိုင်ရာ အထူးပြု၊ ဆေးဝါးများနှင့် စွမ်းအင်ထုတ်ကုန်သစ်များ ပါဝင်သည်။

ပြပွဲနှင့်အတူ MSME ထုတ်ကုန်ပြိုင်ပွဲလည်း ပါ၀င်မည်ဖြစ်ကာ ဆုရရှိသူများအား ဆုများပေးအပ်မည် ဖြစ် ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စီစဉ်ကျင်းပသော ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117