Connect with us

Business

မြန်မာနိုင်ငံက ၁၀ လအတွင်း ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄၂ သန်း ဝင်ငွေရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ငါးအမျိုးအစားခွဲခြားနေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် Global New Light of Myanmar သတင်းစာအရ သိရသည်။
မြန်မာနိုင်ငံက အဆိုပါ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ၁၄၆,၄၀၀ ကျော်၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တန်ချိန် ၁၇၃,၇၀၀ ကျော် အပါအဝင် ငါး တန်ချိန် ၃၂၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနအား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ထံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပင်လယ်စာထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးခူနှင့် ကကတစ် စသည်တို့အပါအဝင် ငါးမျိုးစိတ် ၂၀ ကျော်ကို ပြည်ပဈေးကွက်များသို့ တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံတွင် ပင်လယ်စာ အအေးခန်းသိုလှောင်ရုံလုပ်ငန်းစက်ရုံပေါင်း ၁၄၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ငါးများကို ငါးဖမ်းလှေပေါ်မှ အောက်သို့ချနေသည့် အလုပ်သမားများကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Myanmar earns 342 mln USD from fish exports in 10 months
YANGON, Feb. 26 (Xinhua) — Myanmar earned 342 million U.S. dollars from fish exports in the past 10 months of the current fiscal year 2024-2025, which began April last year, the state-run Global New Light of Myanmar reported on Wednesday.
During this period, the country exported over 320,000 tons of fish, including over 146,400 tons through maritime trade and over 173,700 tons via land borders, the report said, citing the Fisheries Department.
Myanmar steadily exports seafood to 40 countries including China, Thailand, Bangladesh and Japan by sea and via land border crossings, the report said.
More than 20 fish species including hilsa, rohu, catfish, and seabass, are transported to foreign markets, it said, adding that the country has over 140 cold-storage seafood processing factories. Enditem
Photo 1: A worker sorts fishes at a jetty in Yangon, Myanmar, March 31, 2023. (Photo by Myo Kyaw Soe/Xinhua)
Photo 2: Workers unload fishes from a fishing boat at a jetty in Yangon, Myanmar, March 31, 2023. (Photo by Myo Kyaw Soe/Xinhua)